အားမလျော့စတမ်း

ဥမမည် စာမမြောက်
ကလေး ဘဝရယ်ကစ
အချိန်တန်တော့ အပျံသင်လို့ .......

တစ်နေ့တော့ရယ် ဘဝအဓိပ္ပါယ်ဖွေရှာဖို့
တောင်ပံတစ်စုံကို လက်နက်ပြုလို့
ဦးတည်ရာ ဘယ်ဆီရယ်သို့
မနားတမ်းပဲ ပျံကာဝဲတယ်
အမေ့ဆီက ခွဲထွက် .......

ရာသီရယ် ချိန်ခါကြောင့်
မာန်ဟုန်ပြင်းပြင်း အားတင်းသော်လည်း
ဖွေရှာရပြန်တယ် အိုဘယ့် နားခိုရာ .......

နားခိုရာတွေ့ ပြန်သမို့
ပင်ထက်ဆီ အားအင်တွေဖြည့်ပါလို့
နေခြည်ဖြာတဲ့ မနက်ခင်းမှာလ
ပြန်စခဲ့ပေါ့ ဒီခရီးရှည် ......

တစ်နေထွက်လို့ တစ်နေဝင်
နေ့စဥ်ခါပင် သူမနား
ဖန်ဖန်ရယ် အားတွေဖြည့်ရတယ်
ဘယ်တော့များ ခရီးဆုံးလိမ့်ရယ်လို့
တွေးမိ အခါခါပေမဲ့
တစ်နေ့တော့ဖြင့် တွေ့မယ်လို့ရယ်

မမောတမ်းပျံသန်း ...........


(18.5.2019) 9:30 PM

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး