ဘ၀တြက္တာ

လိုတာထက် မပိုပါနဲ့လေ

မျှော်လင့်မိသမျှ ဒီဘဝ

ပြည့်ဝဖို့အရေး ဒီလိုပဲ

တွေးကြံပြုမူနေထိုင်ပါ .....



တစ်နေ့တော့ ရောက်မှာပေါ့

ကြိုးစားသူထံ ရောက်မှာဧကန်

ရိုးရိုးကျင့်မြင့်မြင့်ကြံ ဘဝဟန်ပန်

တင့်တယ်စွာ ရည်သန်လို့

အားမလျှော့စတမ်း ......



ခဏတာရောက်လာ ဒီဘဝမှာဖြင့်

လူတွေရယ် အမှားနဲ့မကင်းနိုင်တာ

သဘာဝပေမို့ ထိုစဉ်အခိုက်မှာ

ဒီလိုအမှားမျိုးရယ် ထပ်တူမရှိရလေအောင်

ဒီလူရင်မှာ ဆင်ခြင်ပါမှ

တော်ကာကျလိမ့်မပေါ့ .....,



လူအချင်းချင်း မထောက်မညှာ

 အရောက်လာ လှည့်ပတ်ကာ 

နှလုံးစိတ်ဝမ်း မအေးမချမ်း

အထင်ကြီးခြင်းမကြီးခြင်းအား

အလေးမထားအမျက်မပွား

သူတော်ကောင်းတရားသာ

ခြုံလွှမ်းကြစေသား .....


(1.1.2019) YGN 




Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...