အေးမြမေတ္တာ

တုံ့ပြန်မလို အေးမြခြင်းကို
အလိုအလျောက်ရစေလို…
ပေးဆပ်ခြင်းနဲ့တွဲဖက်နေတာ
အေးမြမေတ္တာပါ......

ပေးသောမေတ္တာ နှောင်ဖွဲ့ကင်းကာ
အေးမြမှုနဲ့ ကျေနပ်ရာ ...…

အဆင်ပြေစေ ဘေးကင်းစေ…
ဆန္ဒဘ၀ ထပ်တူကျစေ…
လိုအင်ပြည့်စေ ပျော်ရွှင်ရစေ…
တောင်ဆု ခါခါခြွေမိတာ .....

စုန်ဆန်စီးလာ သူ့လမ်းကြောင်းဟာ
ဖြောင့်ဖြူးခြင်းသာ ရှိစေရာ။

(ပေးသူတိုင်းရဲ့ ရင်ကို အေးမြစေလိုရင်းနဲ့
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပေးခြင်း၊
မိဘဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာသမားများသို့...)



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...