Posts

Showing posts from November, 2019

သိုသိုသိပ်သိပ် တိတ်တိတ်ကလေးလွမ်း

Image
ပြန်မလာမယ်မှန်း   သေချာနေတာတစ်ခုက ပြင်ဆင်ချိန်များနဲ့တူ   ခံနိုင်ရည်စွမ်းမြှင့်လာပြီ .....  လွှတ်ချခဲ့ပြီးနောက်မှာ   အဝေးကလွမ်းယုံ   သက်သက်ပဲဟာ ဒီထက်လွတ်လပ်တာ   ရှိနိုင်အုံးမလား ..... ကိုယ်အပိုင်သိမ်းထားတဲ့   အလွမ်းများ ထုတ်ထုတ်ကြည့်တာ   တစ်နေ့တစ်ခါ ရိုးမသွားတာသေချာ..... ဘယ်သူတွေ   ဘာပြောပြော ယူတို့နှလုံးသား   ကိုယ်မငှားပါဘူးလို့ ကိုယ့်အကြောင်းနဲ့ကိုယ်သာ ....  (30.11.2019) YGN

ရင်ဘတ်ထဲက နှင်းဆီ

Image
ရဲရဲရင့်ရင့်နဲ့     ပွင့်လိုက်စမ်းပါ ရှေးကုသိုလ် ကောင်းခဲ့လို့သာ ဒီဘဝမယ်   မျက်နှာမြင် ချစ်ခင်စေလို့ ပကတိအရှိကိုသာ   ရောင့်ရဲ ပူလောင်မှုကင်း   အေးချမ်းခြင်းနဲ့ ​ လျှောက်ချင်သူမို့   ကိုယ့်စိတ်ထဲဝယ် သူ့တွက်   ကျေနပ်ပီတိ   ဖြစ်ရတယ်  .....    ။ နောင်တချိန်တွက်   လောကကြီးမှာ ချန်ရစ်ခဲ့စရာ   သူ့စေတနာနှင့် သူ့မေတ္တာများ   ဆက်လက်တည်တံ့ ခိုင်စေသားလို့   သစ္စာတရား ဦးထိပ်မှာထား   လုံ့လအမြဲစိုက်လေသူမို့ ....  ကိုယ့်အဖို့မှာတော့   လောကတစ်ခွင်မှာ အစားထိုးစရာ   နောက်ထပ်မရှိတာ ပင်မြင့်စံနန်းမှာ   ရနံ့ထုံသင်း ဂုဏ်သတင်းမွှေးလို့   မှတ်ယူမိသည် ရင်ဘတ်ထဲက   အိုနှင်းဆီ .....    ။ ( 29.11.2019 ) YGN

အဖြေမဲ့ပုစ္ဆာ

Image
သံယောဇဥ်   လက်ကျန်လေးကို တစ်စစီ   ကောက်သိမ်းလို့ အိပ်မက်က   လက်တွေ့ဖြစ်မလာတဲ့အခါ အမှတ်မထင်နဲ့   တို့တွေဝေးဖို့ဖြစ်လာတယ် .....  ။ ချည်မိတဲ့ကြိုးက   ဆွေးမြည့်ကုန်တော့ နောက်ဆုတ်ကြရင်းပဲ   ပြတ်သွားခဲ့တာလား လျော့လွန်းလို့   လွတ်ထွက်သွားတာလား ငါ့မှာ   ဖြေရှာ   မောလာပြီ  ..... ။ အဖြေမဲ့ပုစ္ဆာ   ဖွေရှာမောချိန် မရေရာတဲ့   ခရီးလမ်းတွက် ဇာတ်သိမ်းလှမလှ   မသေချာလှသမို့ ​ လမ်းခုလတ်က   လှည့်ပြန်ထွက်ခဲ့တာ နာကျင်စရာများလည်း   အားမကြီးခင် တို့တွေ   ဝေးကြတာပဲ   ကောင်းပါတယ်လေ  ..... ။ (22.11.2019) YGN

အဆုံးတစ်နေ့အတွက်

ဘယ်သူက ဘယ်သူ့အတွက် ဖြစ်တည်ခဲ့တာလဲကွယ် တစ်နေ့သွားရမဲ့ လမ်းတူတူ ဘိန်းစားချင်းတူတူ တစ်မူးပိုမရှူချင်ပါနဲ့ ..... လောကကို ဆေးရောင်ခြယ် စိတ်ရဲ့အလှနဲ့ တန်ဆာဆင်ကြလို့ ပွင့်သောပန်းတိုင်း လန်းဆန်းချိန်မှာတော့ အလှပဆုံးနဲ့ စက္ခုပသာဒရှိစေမှာအမှန်မို့ ..... နွေမိုးဆောင်းတို့  ပုံမှန်လည်ပတ်လို့ တစ်နေ့ထက်တစ်နေ့ ခြေလှမ်းများ လေးလံမလာစေဖို့ အစကောင်းလို့ အဆုံးတစ်နေ့အတွက် ကျန်ရစ်မဲ့ သမိုင်းလှလှတစ်ခု ချန်ရစ်ကြပါစို့ ..... (19.11.2019) YGN

ဒုတိယလူ

Image
ကံကြမ္မာရဲ့   သံသရာစက်ဝိုင်းထဲ နေထိုင်   လည်ပတ်ခဲ့သမျှ ဒုတိယလူ   အဖြစ်နဲ့လဲ စွမ်းသလောက်တော့   ရပ်တည်ကြိုးစား ...... ကျေနပ်ပါတယ်လေ  ...  အမှတ်မရှိတဲ့   အသည်း မမာနိုင်လွန်းတာလည်း   ကိုယ့်အားနည်းချက်လို့ ဘေးလူထင်တာ   ဘာဆန်းသလဲလေ ....  တကယ်တမ်းတော့   မေတ္တာတရားတို့   ကြီးစိုးရာ အရာရာကို   နားလည်ပေးလို့ ဥပက္ခတရားနဲ့သာ အနေတတ်ဖို့   လေ့ကျင့်ရင်း .....  အတ္တကို   မြင်အောင်ကြည့်လို့ အေးချမ်းသော   လမ်းပေါ်ကသာ လျှောက်နေမိသူ   တစ်ဦးမို့ ကိုယ့်အတွက်တော့   နေရာက အဓိက   မကျတာ   သေချာနေခဲ့တာ ..... (17.11.2017) YGN

အလွမ်းစိတ်ကို လွမ်းရင်းနဲ့ပဲ ဖြေနေရတယ်.....

Image
အနားနား   ရှိစဥ်ခါက   လှုတ်ရှားမှုတိုင်းက   ရင်မှာသက်ဝင် နွေအခါပင်   ပူတယ်မထင် ခုကျတော့   အေးတမြမြနဲ့ ဆွေးရပြန်တယ် .....  ကြယ်ကြွေချိန်တိုင်း   ဒီဆုတောင်းလေးပဲ မပြည့်မချင်း   တောင်းနေမှာလို့ ....  လွမ်းနေခွင့်လေး   ပေးခဲ့တာပဲ   ငါလေ   ကျေးဇူးတင်မိတယ် ...  ဒါကြောင့်လေ အလွမ်းစိတ်ကို   လွမ်းရင်းနဲ့ပဲ   ဖြေနေရပေါ့ ......    (12.11.2019) YGN

နောက်ဆုံးရထား

ဆွဲဆွဲနှုတ်ပစ်ယုံနဲ့   အတိတ်ကပြောစကား ပျောက်ကားပျောက်မသွား ....  တွန့်ဆုတ်တွေဝေခဲ့လို့ ​ ကယ်သူသာမော နောက်ဆုံးရထား မှီမှမှီပါ့မလား မင်းစဥ်းစားဖို့ နောက်ဆုံး   မိနစ်ပဲလို့  .....  နာကျင်ချိန်ပို ပေးမယ်မပေးဘူးဆိုတာ ဘဝက   သေချာပါ့မလား  .....  ကစားကွက်လှလှလေးသုံးလို့ ခြေပေါ်အောင်ဆော့နိုင်ဖို့ မင်းကြိုးစားစမ်း  ...... 11.11.2019 (YGN)