Posts

Showing posts from May, 2019

ရှုတ်ထွေးမှုရဲ့အဆုံး

Image
အစမရှိ အဆုံးမသိသလို ဒီလက်တစ်စုံနဲ့ ဖန်တီးလိုက်တဲ့အရာက အဆိပ်အတောက်များ ဖြစ်စေသလားဆိုတာ မတွေးမိရော့လေသလားလေ ........... ရလဒ်ကတော့ မည်သူမပြု မိမိမှုဆိုတာ ကမ္ဘာဦး အစ ကတည်းက သက်သေ သာဓကများနဲ့ ရှိလာခဲ့တာကလား........... လူ့သဘာဝ တူရာပဲ စုတတ်တာမို့ အညှီရှိရာ ယင်အုံစမြဲဆိုတာ မြင်သာထင်သာ ရှိလွန်းလို့ ............ အမှန်တရားက သိပ်ခါးတော့လည်း အနာပေါ် တုတ်ကျသလို ဖြတ်ဖြတ်လူးလို့ လက်သည်း ဆိတ်တော့ လက်ထိပ် နာမှာသေချာ............. နောက်ဆုံးမတော့ ဟိုတွယ်ဒီတွယ် ရှုတ်ထွေးနှောင်ရစ် မလူးမလွန့်သာ မဖြစ်ရအောင် ရပ်တည်ကြိုးစား နောက်နေ့များပေါ့ .............. (30.5.2019) YGN

တကယ်တော့ .......... ကျောခိုင်းတတ်ဖို့သာလိုတာပါ

Image
အမှန်တရားကို တံဆိပ်ရိုက် လူမြင်အောင်ပဲ သိမ်းလို့ ဒီအရပ်ကနေ ဆုတ်ခွာဖို့ကြိုးစား ရှေ့တစ်လှမ်း မတိုးသာမှန်း စောစောကသိခဲ့ရင် ကောင်းသား ..... တကယ်တော့ ................. ကျောခိုင်းတတ်ဖို့သာ လိုတာပါ......... လူတွေအမြင်မှာ အပေါ်ယံတွေသာ အားကျစေဖို့ ငါ ....... အားမထုတ်ပါရစေနဲ့ ခဏတာ ပေါ်လွင်ခြင်းက ကောက်ရိုးမီးလိုသာ ဆိုတာ သူသိခဲ့ရင်ကောင်းမှာ ......... အဓိကနဲ့သာမည ခွဲနိုင်ဖို့တော့ ငါ  အမြဲကြိုးစားတာပါ မရောင်ရာဆီလူး အနာနဲ့ဆေး မတည့်တဲ့ခါများလည်းရှိစေအုံးတော့ ...... ဝါးလုံးခေါင်းထဲ သာတဲ့လရဲ့ အလင်းထဲမှာ မင်း ကျေနပ် ပျော်ရွှင်နေတော့ ဒါဟာ ... တစ်ဘဝစာလား တဒင်္ဂအတွက်လား သေချာသုံးသပ် အမှန်ကိုပဲ မြင်လိုက်စမ်းပါ....... ရှေးဘဝ ကုသိုလ်ရယ်ကြောင့် ‌အထောက်အပံ့ကောင်းလေး ရချိန်မှမဟုတ်ပဲ အနာဂတ်နေ့များမှာပါ ရှင်သန် ရပ်တည်နိုင်ဖို့ မင်းဖက်က ကြိုးပမ်းရလိမ့်မယ်ပေါ့ ....... ပြည့်သောအိုးက ဘောင်ဘင်မခတ် လေယူရာ ဘယ်မတိမ်းဘူးဆိုတာ ရှေးလူကြီးတွေ အဆိုရှိခဲ့သလိုပဲ လက်ရှိလောက တွေ့ရမြင်ရ သူခိုးက လူဟစ်လို့ ဘယ်သူ့နောက်က ငါတို့ရပ်မလဲ အမှန်ကို မြင်ဖို့ သ

ဗြမ္မာစိုးနှလုံးသား

Image
အနိုင်မယူလိုပါ အရှုံးမပေး နှလုံးလဲအေးစေ မေတ္တာတရားနဲ့ လမ်းပြ အေးချမ်းလှတဲ့ တစ်ဘဝ ငါလေ ဖြတ်သန်းချင် ....... ကိုယ်နှင့်ယှဥ်ထား သူတစ်ပါးအား ကရုဏာပွားလို့ ဖေးမလို့ကူချင် ဒုက္ခဟူသမျှ ကင်းဝေးစေ ......... အောင်မြင်မှုမှာ သူ့အရာဟု အားပေးဝမ်းမြောက်ပြုခြင်းသည်သာ ပွားရ မုဒိတာ ..... စာနာနှလုံးသားနဲ့ သူပြုလေသမျှ အမှားအမှန်ကို အတ္တမဆန် အမှန်ကိုလက္ခံ ပြုထားသည်သာ ဥပေက္ခာ ..... လေးပါးဗြမ္မာစို တရားမှန်ကို စွဲကိုင်ပြုလို့ လျှောက်မှသာလျှင် ငြိမ်သက်ချမ်းမြ ဤဘဝတွင် ရမည်မုချ ယုံကြည်စွာ ....... (27.5.2019) YGN

အနီးဆုံးလား ... အဝေးဆုံးလား

Image
ဆက်ဆံရေးတစ်ခုမှာ ရိုးရှင်းလွန်းတဲ့အခါ နှလုံးသားချင်းနီးစပ် တစ်ယောက်စိတ်ထဲ တစ်ယောက် ထိုးဖောက် သိနိုင်တာမျိုး ..... မျက်တောင်တစ်ချက်အခတ် စကားလုံးလေးတစ်ချက် ဖွင့်ဟယုံနဲ့ ဟိုးအထိ သိနေနှင့်တာမျိုး ....... ပိုတယ်လို့တော့ မဆိုလိုက်ပါနဲ့ ကြုံလာတဲ့တစ်နေ့ ဘယ်အရာက အဝေးဆုံးသို့ တွန်းပို့သလို၊ ဘာကြောင့််များ နီးစပ်စေသလဲ သိလာမှာ ........ စောင့်ခဲ့သမျှတွေ ဝေးနေ အရာမထင်တဲ့ စိတ်ကူးယဥ်ချက်တွေက လက်တွေ့မဆန် အိပ်မက်တစ်ဝက် နိုးတစ်ဝက်နဲ့ ရှိပါစေလေ လောကဒဏ်တွေ ........ ကြုံလာလေတဲ့ လောကဒဏ်တွေ လေဆန်ကို အံတုလို့ မျက်မှန်စိမ်းကို ဖယ်ခွာ မြင်မြင်သမျှက သဟဇာတဖြစ်လို့ ကိုယ့်ရဲ့ချစ်ခြင်း အလင်းဖြစ်စေသား ......... ဆန်းကြယ်သမျှ ဒီဘဝက ရယူခြင်းထက် ပေးဆပ်မှုက အလေးသာလို့ တည်ငြိမ်စွာနဲ့ ချစ်တတ်ဖို့ သင်ယူလိုက်ပါ နှစ်တွေများစွာ ........ (25.5.2019) YGN

အပြစ်ကြွေး

Image
သူက ကိုယ့်အတွက် နာကျင်ရတယ်ဆိုတာလည်း ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ ဒီဝဋ်ကြွေးက ဒီဘဝဒီမျှသာပဲ ရှိစေတော့ရယ်လို့ ခံယူထားလေတော့ ကိုယ့်မှာ .... ခပ်နုံနုံ ခပ်ထုံထုံ ဦးနှောက်နဲ့ ခပ်ညံ့ညံ့အတွေးများသာ ထွက်လာခဲ့လေသလား.... အမှန်ကို မမြင် သူ့ဖက် တစ်ချက်ငဲ့မကြည့်ခဲ့မိတဲ့ ခပ်ညံ့ညံ့ နှလုံးသားတစ်စုံကိုလည်း အပြစ်ဖို့ရင်း နောင်မှရသော နောင်တများနဲ့ .... ငါ ... တစ်နေ့မှာ ဒီအပြစ်ကြွေးတွေ ကျေအောင်ဆပ်မဖြစ်လိမ့်မယ်........... (22.5.2019) YGN

ဘဝခွန်အား ပေးခွင့်ရစေသား

Image
လှည့်ကွက်များနဲ့ လောကအလယ် နေတတ်သလိုနေလာရင်း စည်းတစ်ခုထား နေသားတကျ နေထိုင်ဖို့ကြိုးစားမိလာ ............ စည်းဝိုင်းရဲ့ အပြင်ဖက် မှာပါပဲ ဝင်တိုးကြည့်ဖို့ မကြိုးစားမိသလို အဝေးသို့ပြေးဖို့ မခက်သာပြီမို့ နီးရက်နဲ့ သာ..... ‌နွေနွေ မိုးမိုး ဆောင်းဆောင်း ရာသီအလီလီ ဘယ်လိုပင်ပြောင်း ဆန္ဒတွေ မပြောင်းပါဘူး အလှဆုံးနေ့များကို ဖန်တီးလို့ လျှောက်သောလမ်းက စိမ်းလန်းစေဖို့ ....... ဘဝရဲ့ အဓိပ္ပါယ်ကို ဖွေရှာတဲ့အခါ ရိုးရှင်းလွန်းစွာ နေထိုင်ဖို့ သိလာ ပေးဆပ်ခြင်းနဲ့ ရင်းနှီးစွာ ဘဝခွန်အား ပေးခွင့်ရစေသားလို့ရယ် ဆန္ဒတွေပြု ဆုတွေတောင်းမိခါခါ ...... အမှန်တရားက သိပ်ကိုခါးမှန်းသိစေခဲ့လည်း လွတ်မြောက်ခွင့်သာ ရချင်သူမို့ လွတ်‌မြောက်ဖို့လမ်း ကြံစဥ်ရည်မှန်း သွားရာလမ်းမှာ အေးချမ်းမှုနဲ့မိတ်ဖွဲ့ ကင်းပါစေ....နောင်မှတတဲ့နောင်တမျိုးကို တစ်သက်မယူ ကြည်ဖြူစွာနဲ့ အရှုံးမပေး နှလုံးအေးလို့ရယ် သွားနေပြီ ပန်းတိုင်ဆီသို့ ........... (16.5.2019) 9:30 PM

အားမလျော့စတမ်း

Image
ဥမမည် စာမမြောက် ကလေး ဘဝရယ်ကစ အချိန်တန်တော့ အပျံသင်လို့ ....... တစ်နေ့တော့ရယ် ဘဝအဓိပ္ပါယ်ဖွေရှာဖို့ တောင်ပံတစ်စုံကို လက်နက်ပြုလို့ ဦးတည်ရာ ဘယ်ဆီရယ်သို့ မနားတမ်းပဲ ပျံကာဝဲတယ် အမေ့ဆီက ခွဲထွက် ....... ရာသီရယ် ချိန်ခါကြောင့် မာန်ဟုန်ပြင်းပြင်း အားတင်းသော်လည်း ဖွေရှာရပြန်တယ် အိုဘယ့် နားခိုရာ ....... နားခိုရာတွေ့ ပြန်သမို့ ပင်ထက်ဆီ အားအင်တွေဖြည့်ပါလို့ နေခြည်ဖြာတဲ့ မနက်ခင်းမှာလ ပြန်စခဲ့ပေါ့ ဒီခရီးရှည် ...... တစ်နေထွက်လို့ တစ်နေဝင် နေ့စဥ်ခါပင် သူမနား ဖန်ဖန်ရယ် အားတွေဖြည့်ရတယ် ဘယ်တော့များ ခရီးဆုံးလိမ့်ရယ်လို့ တွေးမိ အခါခါပေမဲ့ တစ်နေ့တော့ဖြင့် တွေ့မယ်လို့ရယ် မမောတမ်းပျံသန်း ........... (18.5.2019) 9:30 PM

ယုံကြည်ရာလမ်း

Image
စေတနာနဲ့အသပြာ နှိုင်းဆစရာ သူဖွေရှာတော့ မြင်သာထင်သာ ဘယ်အရာက အလေးသာတာ စေတနာ အမျိုးမှန်တော့ အကျိုးပေးသန်မှန်း မင်းသိလောက်ပေါ့ ...... လုပ်ရပ်တိုင်းမှာ သစ္စာတရား ဦးထိပ်မှာထား ကိုယ့်အကျိုးထက် သူ့ကောင်းကျိုးသာ မျှော်မှန်းရည်ကာ မင်းကြိုးစားပါ....... လိုအပ်နေရာ ကွက်လပ်ဖြည့်ပါ ဖြည့်ရန်ကွက်လပ် ဖြည့်ပြီးက စိတ်ထဲ ပီတိဝင်လာမှာ ...... ဖြူစင်စိတ်ထား မြဲမြဲခိုင်ကာ လျှောက်လှမ်းသေချာ ခရီးလမ်းမှာ ဆူးညောင့်ခပင်း ကင်းစေမှာ ......... မေတ္တာစိတ်ထား တိုးပွားကျင့်ကာ ထားသည့်မေတ္တာ ဦးတည်ရာမှာ ကိုယ်ကျိုးမပါ သန့်ရှင်းဖြူစွာ မင်းရပ်တည်ပါ ....... ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြည်စွာ ယုံကြည်ရာလမ်း မင်းလျောက်လှမ်းပါ တစ်နေ့တော့ဖြင့် ‌ရောင်ပြန်လာလိမ့်မှာ ............ (16.5.2019) 8:00 PM 

ညီမလေးသို့ ............

Image
ဘဝဆိုတဲ့ ကျောင်းတော်ကြီးမှာ အသစ်အသစ်တွေလည်း လေ့လာ အဟောင်းထဲက အကောင်းများစွာ ယူလိုက်ပါ ကောင်းတဲ့အရသာ ....... ဖြူစင်လိုက်ပါ ညီမလေးရာ အဖြူရောင်မှာ တခြားအရာ အစွန်းထင်းတော့ မခံစေချင်တာ မူလအတိုင်း ပကတိအရာသာ ရှိစေအပ်တာပါ  ...... ရှိသင့်တဲ့မာနတရားကို တပ်ဆင်လို့ ရိုးရှင်းလွန်းစွာနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားသင့်သလောက် ထားလိုက်စမ်းပါလေ ........ အ‌ကြောင်းတရား အမျိုးမျိုးတွေကြောင့် အကျိုးတရားပေါင်း မြောက်များစွာဟာ တိုက်ဆိုင်လွန်းလို့ ဆိုတာထက် မိမိစိုက်ခဲ့တဲ့အတိုင်းမို့ ရလာတဲ့ အသီးအပွင့်လို့သာ မှတ်ယူလေ........ ချိုမြိန်တဲ့ရလဒ်‌‌‌တွေဟာ သက်သေပြုနေတာ လောကမှာ ရေများရေနိုင် မီးများမီးနိုင် ဆိုတာမျိုးတော့ အနည်းနဲ့ အများတော့ ရှိပေအုံးမပေါ့ ....... အများ မိုးခါးရေသောက်တော့ ကိုယ်လည်း လိုက်သောက်မလား ပြောချပစ်လိုက်ပါ မိုးထိတစ်ဆုံး ကိုယ့်မာန် ကိုယ့်ဟန် ကိုယ့်မူကိုယ်ထုတ် ငါက နင်မဟုတ်ဘူးဆိုတာ ...... ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှာ ရှိနေတာလေးပဲ အကောင်းဆုံးမှတ်ယူ လဲလျင်ပြန်ထ လျှောက်မြဲလျက်သာ အားပြင်းတဲ့ မြားတစ်စင်းလိုပေါ့.......

အလွမ်းဒဏ်ရာ

Image
နှလုံးသည်းပွတ် ကျွမ်းလှချည့်ရဲ့ ရင်တွင်းဝေနာ မဖြေသာတည့် ထိုင်မရထမရ ခက်လှသည် ...... မဖြေသာ ဝေဒနာများနဲ့ မကြားချင်သား ဒီစကားကို ငြင်းရခက်လှသည် ........ ဝေးဖို့အကြောင်းကံ ပါလာပြန်တော့ လွမ်းနေယုံသက်သက်ပဲမို့ အလွမ်းသံသရာမှာ ဆရာကျခဲ့ပြီ  ...... အချစ်နဲ့ မေတ္တာတရားမှာ ဘယ်အရာက အေးချမ်းသလဲ အကြိမ်ကြိမ်အခါခါ သုံးသပ် အဖြေမှန်ကို ဆုံးဖြတ်ခဲ့မိပေါ့ ........ ရခဲ့တဲ့ဒဏ်ရာတွေများ အချိန်တွေကကုစား အားသစ်တွေမွေးရင်း အတိတ်နေ့စွဲများ တဖြည်းဖြည်း မှုန်ဝါးစေ..... အနာဂါတ်နေ့များ ပီပြင်ပြတ်သားစေ.... (10.5.2019) YGN 

လွတ်မြောက်ခြင်း

Image
မေ့မရတဲ့နေ့များမှာ အတိတ်ကပြန်လာ အဟောင်း‌တွေက အသစ်ဖြစ်လို့ ဝေဒနာ ရှင်ခန်းဖြတ်ရရင်ဖြင့် ...... ချန်ရစ်ခဲ့သမျှ ဝေဒနာအဖြေရှာ တစ်နေ့တော့ဖြင့် ဒီသံသရာဝဲဂယက်က အရှုံးမဖက်ရုန်းထွက်ချင်လာ ...... ရုန်းထွက်ခြင်းက အမုန်းမဖက်စေ အရှုံးမပေး နှလုံးအေးစေ ဝေဒနာကိုကုစား ချမ်းမြေ့ပါစေသား ...... လွတ်မြောက်ခြင်းရဲ့အရသာကို အချိန်တခု သက်သေပြုလို့ လက်ခံမိတာ ဖြစ်မြဲဓမ္မတာမို့ နေ့သစ်များမှာ စိတ်ကိုကုစား အမှောင်ထဲက အလင်းသို့....... (10.5.2019)YGN

သံဝေဂ

Image
မာနက မိုးထိမြင့်နေတော့ အမှန်မြင်ဖို့ရာခက်လှ ဒီအတ္တနဲ့ ဒီမာန ခဝါမချသရွေ့ လျှောက်ရတဲ့ ဘဝလမ်း ဖြောင့်တန်းဖို့မမြင်...... ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်တရက် နှုတ်ဆက်ထွက်ခွါ ဒီတစ်လမ်းပဲ ရှိတာ  ...... မြန်နှုန်းမတူပဲ ပြေးလမ်းထက်ဝယ် မနေ့ကထက် တစ်နေ့ပြီးတစ်နေ့ ပိုပိုနီးလာ ပန်းတိုင်ကို ဘယ်သူ အရင်ဦးမယ်ဆိုတာ မသိနိုင်တဲ့အရာ...... ခဏတာရောက်လာ ဒီဘဝမှာဖြင့် အတ္တနဲ့ မာန ခဝါချကာ ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်လို့ လူသားပီသစွာ နေထိုင်ကြရင်း အမုန်းတရား မပွားကြစေ ချစ်ခြင်းတရားများ တိုးပွားကြစေသား ........ (8.5.2019) YGN

အဖြည့်ခံ

Image
တဒင်္ဂတစ်ခဏလေးပါ တိတ်တဆိတ်ပဲ လွင့်ကြွေ ခဲလုံးလေးတစ်လုံး တောက်ချလိုက်သလို ဟိုးအဝေးဆုံးထိ လွင့်စင်ထွက်သွားချင်မိရဲ့ ....... ဒါပေမဲ့လည်းလေ အခြေအနေမှန်ကိုမြင် ပစ္စက္ခကို လက်ခံစေချင် လိုတာမရ ရတာမလိုတဲ့ လူ့သဘာဝမို့ အပြစ်ဖို့စရာမမြင် ....... အဖြည့်ခံရှိမှ   လိုအပ်နေရာပြည့်မှာမို့ အပြည့်စံရအောင် အဖြည့်ခံပါမယ်လေ ...... အဖြည့်ခံဆိုတဲ့   ပညတ်တစ်ခုက အမုန်းမရှိ အရာရာစွန့်လွှတ်ရင်း အပြုံးများဖြင့်စွန့်လွှတ်ရင်းနဲ့ပဲ ပေးဆပ်ခြင်းသက်သက်ဆိုတာ တစ်နေ့ပြီးတစ်နေ့ပိုသေချာ   ....... ပျော်ရွှင်စရာ   ကြံဖန်ရှာပြီးမှ တစ်နေ့ပြီးတစ်နေ့ အားဖြည့်ရတာ ပို့သမေတ္တာ ရစေလို့ငှာ ကိုယ်လည်းအားတင်းရင်း ....... လမ်းခုလတ်မှာ မရပ်တန့်ရေး လှော်တက်ကို အားကုန်ယက်လို့ စွမ်းကုန်ရွက်လွှင့်  .......... TTH (6.5.2019) YGN

ဘ၀တြက္တာ

Image
လိုတာထက် မပိုပါနဲ့လေ မျှော်လင့်မိသမျှ ဒီဘဝ ပြည့်ဝဖို့အရေး ဒီလိုပဲ တွေးကြံပြုမူနေထိုင်ပါ ..... တစ်နေ့တော့ ရောက်မှာပေါ့ ကြိုးစားသူထံ ရောက်မှာဧကန် ရိုးရိုးကျင့်မြင့်မြင့်ကြံ ဘဝဟန်ပန် တင့်တယ်စွာ ရည်သန်လို့ အားမလျှော့စတမ်း ...... ခဏတာရောက်လာ ဒီဘဝမှာဖြင့် လူတွေရယ် အမှားနဲ့မကင်းနိုင်တာ သဘာဝပေမို့ ထိုစဉ်အခိုက်မှာ ဒီလိုအမှားမျိုးရယ် ထပ်တူမရှိရလေအောင် ဒီလူရင်မှာ ဆင်ခြင်ပါမှ တော်ကာကျလိမ့်မပေါ့ ....., လူအချင်းချင်း မထောက်မညှာ  အရောက်လာ လှည့်ပတ်ကာ  နှလုံးစိတ်ဝမ်း မအေးမချမ်း အထင်ကြီးခြင်းမကြီးခြင်းအား အလေးမထားအမျက်မပွား သူတော်ကောင်းတရားသာ ခြုံလွှမ်းကြစေသား ..... (1.1.2019) YGN 

အေးမြမေတ္တာ

Image
တုံ့ပြန်မလို အေးမြခြင်းကို အလိုအလျောက်ရစေလို… ပေးဆပ်ခြင်းနဲ့တွဲဖက်နေတာ အေးမြမေတ္တာပါ...... ပေးသောမေတ္တာ နှောင်ဖွဲ့ကင်းကာ အေးမြမှုနဲ့ ကျေနပ်ရာ ...… အဆင်ပြေစေ ဘေးကင်းစေ… ဆန္ဒဘ၀ ထပ်တူကျစေ… လိုအင်ပြည့်စေ ပျော်ရွှင်ရစေ… တောင်ဆု ခါခါခြွေမိတာ ..... စုန်ဆန်စီးလာ သူ့လမ်းကြောင်းဟာ ဖြောင့်ဖြူးခြင်းသာ ရှိစေရာ။ (ပေးသူတိုင်းရဲ့ ရင်ကို အေးမြစေလိုရင်းနဲ့ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပေးခြင်း၊ မိဘဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာသမားများသို့...)