Posts

Showing posts from April, 2020

မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ

Image
အိုအဆွေ အဆင့်မြင့်တဲ့   စိတ်ဓာတ်မျိုး ရင်ဘတ်မှာထုတ်ပိုးလို့ တစ်ဖက်သတ်မဆန် အပေးအယူ   စိတ်ဓာတ်တူ တစ်ယောက်ကတစ်ယောက်ကို ဖေးမလို့ကူကြမယ်လို့  ......   ရင့်ကျက်မှုကို   လိုက်ရှာ အရာရာက   တရားနဲ့ဖြေသိမ့်တတ်ဖို့သာ သောင်ပြင်မှာ   မကျေနပ်စရာတွေ ရေးမှတ်ကြခဲ့ယုံ  ....  အချိန်တန်တော့ သောင်ပြင်က မူလပကတိတိုင်းပဲ ရှိနေဆဲ မဟုတ်လား .....  ကမ္ဘာမြေကို   အလှဆင်ကြဖို့ အစွန်းမရောက် အတ္တနဲ့ပရ   မျှလို့သာ   လက်တစ်ဖက်ကို   ကမ်းလင့် စိတ်တူကိူယ်တူများအတွက် တံခါးတွေဖွင့်ထားတယ် .....  သဒ္ဒါတရားမှာ အားမာန်တွေပါ အရေးကြီးက   သွေးစည်းကြလို့ တစ်မြေတည်းနေ   တစ်ရေတည်းသောက်   တစ်ဦးအပူ   တစ်ဦးကကူလို့ ငွေအသပြာနဲ့   ဝယ်ကာမရတဲ့ မေတ္တာ၊   ဂရုဏာ   ၊   မုဒိတာတရားများက မျက်ဝါးထင်ထင်   ရှိလှပြီ  .....   TTH (28.4.2020)

အမှတ်တရ

Image
နင်နဲ့ငါကြား အမှတ်တရက မေ့ပစ်ဖို့မဟုတ် နာကျင်စရာတွေ ဖယ်ဖယ်ထုတ် အဟောင်းတိုင်း အကောင်းတိုင်း သူ့နေရာနဲ့သူ ငါထားခဲ့တယ် ..... ရည်ရွယ်တာတွေ မဖြစ်တတ်မှန်း မသိနိုင်ခဲ့လို့  ... ဟို တစ်ချိန်က သူရဲကောင်း ဖြစ်ချင်ခဲ့တော့ ကိုယ့်ဆန်စားပြီး ရဲရင့်ခဲ့ပေါ့ ..... မှားနေတာမြင် ပြင်ပေးချင်လည်း အသိမှောက်မှား ဒွိဟပွားတဲ့ အမှား ဝင်္ကဘာတောမှာ ငါ့ထက် အရေးပါနေခဲ့တော့ နှမလက်လျှော့ နေလေတော့လို့သာ ..... ခုတော့ မှုန်မှုန်မွှားမွှား အတိတ်နေ့များလည်း လှည့်ပြန်မကြည့် လက်ရှိအခြေအနေသာ ငါလေ တန်ဖိုးထားအသက်ဆက် .....။ TTH (24.4.2020)

ကိုယ်ချင်းစာတရားများ ငါတို့ ပို့လွှတ်ကြမယ်

ဒီကမ္ဘာ ကပ်ရောဂါဆိုးက လူတောထဲ တိုးတိုးလာလို့ လူ့ဘောင်ထဲက လူတွေမှာလည်း လူတောတိုးမှာ ပိုပိုကြောက်လာ .... ခုနေခါမတော့ နီးရာလူချင်း သံသယတွေနဲ့သာ အနေဝေးလည်း အဝေးနေမဟုတ်တာမို့ အသိသတိကိုယ်စီရှိရမှာ .... အတွယ်ရှိမှ ရှင်သန်နေနိုင်တဲ့ ဒီသတ္တဝါကို ပေါ့ပေါ့ဆဆမရှိကြနှင့် ဆင်းရဲချမ်းသာ အရောင်မခွဲခြား တွယ်တတ်တာမို့ အတွယ်မခံဖို့သာ အရေးကြီးလို့ .... ဈေးသည်လည်း အသက်တစ်ချောင်းတည်း စက်ရုံလုပ်သားလည်း အသက်တစ်ချောင်းတည်း .... ..... အို .. ကာယ၊ ဉာဏလုပ်သားမကျန် မွေးဖွားလာကတည်းက အသက်တစ်ချောင်းတည်းပါ ..... သေတစ်နေ့ မွေးတစ်နေ့ အသက်ကို အပေါင်ထားလို့ တစ်ချို့က သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် တစ်ချို့က လူ့ကမ္ဘာကို ကယ်တင်ဖို့အတွက် ..... သူတို့ရဲ့ ချွေးစက်တွေ သူတို့ရဲ့ မျက်ရည်စက်တွေက အို ဒီကမ္ဘာမြေအတွက် ဆေးတစ်ခွက်ဖြစ်လို့ ကိုယ်ချင်းစာတရားများ ငါတို့ ပို့လွှတ်ရင်း ဆုတောင်း မေတ္တာခြွေကြမယ် ..... TTH (20.4.2020)

မင်္ဂလာနှစ်သစ်ဆုတောင်း

Image
ဟိုအရေး၊ ဒီအရေး တောင်တွေး မြောက်တွေး မတွေးစေချင် ..... အတွေးထဲမှာတင် တည်ငြိမ်ကြစို့လား ဘာမဆို ရင်ဆိုင်မယ်လို့ လက်ကလေးတွေ အတူတွဲထား .... ဒီမှာတင်ရပ်ကြစို့ အမုန်းတွေ ထပ်မပွားဖို့ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့အခါ တရားသဘော စောကြောစိတ်ဖြာ မှန်သောလမ်းသာ လျှောက်ဖို့အရေး ငါတို့တွေးဖို့ လိုမယ် .....  အချင်းချင်းကြား လှည့်ပတ်ခြင်း လည်းကင်းစေ ဝေးစေ အထင်သေးခြင်း  သာ၍ဝေးလို့ ဆင်းရဲစေခြင်း  ကင်းရအောင်သာ ငါတို့ ကြံကြမယ်  ..... ငြိမ်းချမ်းသောလမ်းမှာ အာဃာတတွေ နေရာမယူကြေး သစ္စာတွေပြုရင်း အပြစ်ဟူသမျှ ရှောင်ရှားကြလို့သာ ချစ်ခြင်းမေတ္တာ ရင်မှာပွားရင်း နှစ်သစ်မှာ ကံကောင်းခြင်းတွေ မျှော်ကြမယ် .....  TTH (17.4.2020)

ကံ

မလွယ်ပေမဲ့ ငါ့စိတ်နဲ့ငါ မျက်စိမှိတ်လို့ နားတွေပိတ်ထားတယ် ..... လောကကြီးထဲ ဝင်လာတဲ့အခါ တစ်ရက်တစ်မနက် မဟုတ် အပြစ်တွေတော့ မလုပ်မိဖို့ သတိပြုရအောင်လို့ ,,,,, ဘဝရဲ့ ကံအကျိုးဆက်တွေနဲ့ အနိမ့်အမြင့် ဉာဏ်ရည်မတူပေမဲ့ ခုဘဝက မဆုံးသမျှ ကံတွေက လိုက်ပါလို့ ခံစရာရှိက ခံရတယ် ..... TTH (14.4.2020)

ပန်းတိုင်

စွမ်းသလောက်တော့ ကြိုးစားရင်း အားမလျော့စတမ်း ခရီးလမ်းတစ်လျှောက် အရာရာမှာ နှစ်သိမ့်ခြင်းနဲ့ တို့တွေ မွေ့လျော်တတ်ခဲ့တယ် .... ပေးတတ်သော လက်တစ်စုံနဲ့ စာနာမှုတွေ နှလုံးသားမှာ ကြီးစိုးလို့ အို ... ကမ္ဘာကြီးပေါ်က ကွက်လပ်တွေကို ဖြည့်ကြစို့ တို့အတူရယ်လို့ ဖေးမလို့ တွဲခေါ်   စိတ်တူသူတွေများမှ သာယာစိန်းလန်း စိတ်ရွှင်လန်းမှာ ..... ခုနေချိန်ခါ ကမ္ဘာမြေရဲ့ နာမကျန်းစစ်ပွဲမှာ လူသားဆန်ဆန် ကိုယ်ကျိုးမငဲ့နိုင် တစ်ခုတည်းသော ပန်းတိုင်ဆီ ရှိသမျှအင်အားနဲ့ စွမ်းသလောက် ခရီးနှင်ကြလို့  .... ခရီးသွားတူတူ ဘဝတူချင်း ကြုံလာသမျှတွေကို ခါးစည်းခံလို့ မပြီးဆုံးသော ပန်ချီကားပမာ ဆေးစက်ကျရာ အရုပ်တွေက ဟောတစ်ခု ဟောတစ်ခုပြောင်းနေပေမဲ့ တစ်နေ့တော့ဖြင့် ရာဇဝင်တွင်နိုင်လောက်တဲ့ ခြယ်သမှုတွေနဲ့ ကျန်နေစေရေး တွေးရင်း အားတင်းကာပဲ တို့ညီအစ်ကို မောင်နှမတို့ သွားကြစို့ ပန်းတိုင်ဆီ ..... TTH (8.4.2020)

သူညွှန်ခေါ်ရာ .....

ပြန်လည် ရှင်သန်ကြမယ် ကိုယ်ပိုင်တဲ့ ကမ္ဘာငယ်ကိုယ်စီ ငြိမ်းအေးမှုတွေနဲ့ ပြည့်ဝလို့ မနက်ဖြန်တွေဆီ အိပ်မက်ကိုယ်စီ ..... သွားကြမယ် ရည်ရွယ်ရာဆီ ဖေးမမှုကိုယ်စီ လျှော်ဖွတ်ပြီး စိတ်အသစ်တွေနဲ့ ဘယ်တော့မှ မယိုင်နဲ့ကြေး ..... စိန်မခေါ်နဲ့ တိမ်ပေါ်ထိ လိုက်ကြမယ်ကွဲ့ ယုံကြည်မှုအပြည့်နဲ့ မပျက်တဲ့ သစ္စာတွေပြု အဆုံးထိ ရွက်လွှင့်လို့ ..... လေထဲတော့ အိမ်မဆောက်ကြေး ခေါင်းမော့ရင်ကော့ ဘဝတွေများစွာ သူ့မေတ္တာရိပ်အောက် နွေးထွေးလုံခြုံစွာ တန်ဖိုးနားလည်လို့ သူညွှန်ခေါ်ရာ ဖြောင့်ဖြောင့်သာ လိုက်ကြစို့ရဲ့ ..... TTH (6.4.2020)

အဆုံးသတ်

Image
နီးလာပြီ ဘဝကို အသစ်ပြင်ဆင်ဖို့ မကြည့်မိတော့ မသိခဲ့ဘူး ငါဘယ်သူလဲဆိုတာ အရေးကြီးတာကို .... အမှန်ကိုမြင်သိ လက်ခံလို့ အခြေအနေမှန်ကို ကြိုးစားရင်း ကြားရဆိုးတာတွေ မဖြစ်ပါစေနဲ့ ဆုတွေ ဆုတွေ တောင်းမိ အခါခါလေ ..... တဖြည်းဖြည်းနဲ့ ဝေးလာလေ ဆုတ်ရင်းစူး စားလည်းရူး ဘဝအနေတွေ ခြားလာလေလေ ပြောပြချင်လို့ ကျေးဇူးပြုပြီး နားထောင်ပေးပါ မနီးစပ်ခြင်း အကြောင်းတွေ ..... မပြည့်တဲ့အိုးမို့ ဖြည့်ရအုံးမဲ့အသိတရားတွေ လှည်းဝင်ရိုးနောက် ကပ်ပါလှိမ့်ရင်း အို ,,,,, ဘဝတွေ ဘဝတွေ အဆုံးမရှိတာကိုဖြင့် တစ်နေ့တော့ ဖြတ်ရလိမ့်မယ် .....။ TTH (5.4.2020)

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....

Image
မောင်/ညီမငယ်တို့ မကြည်လင်တဲ့စိတ်နောက် ကောက်ကောက်ပါအောင် မလိုက်ကြဖို့ ..... ကိုယ်ပြုသောကံ   ပဲ့တင်သံသို့ ဖြစ်တည်အစ   ပြုကာမျှဖြင့် ပြီးဆုံးမည်ဟု   မမှတ်ယူလင့် ..... သံသရာ   စက်ရဟတ်   လှည့်ပတ်သမျှ လိုက်ရမှာမို့   အသိသတိ   ထားစေလို   ..... မိမိ   အတ္တ   သတိချပ်လို့ ငါ့ဆွေငါ့မျိုး   ငါတို့အကျိုးသာ ရစေလိုမှု   အကြောင်းပြုရင်း ​ စိတ်အရောင်စုံတို့ မရေးခြယ်မိဖို့ တစ်ကိုယ်ရေတွေးပါ     ..... သံသယဟူသမျှ   မင်းရဲ့စိတ်ကို   အလှောင်ပိတ်လို့ အကောင်းတော့မြင်ပါ လူ့သဘာဝ   သူ့အတ္တနဲ့ သူ့အပြစ်သာ   ရှိစေမှာမို့ ရင်ဘတ်ကို ကျယ်ကျယ်ဖွင့်လို့ အတ္တသားကောင်   မဖြစ်အောင်သာ ရေလိုစိတ်ထား   မွေးစေဗျား .....  လုပ်ခဲ့သမျှ  ကိုယ် ကျိုးမမျှော် ​ စေတနာစေ့ဆော်သမျှ   နိစ္စဒူဝ ဒီလိုသာ   ငါတို့လျှောက်ခဲ့ရင် ကောင်းခြင်းဖြာဖြာ   တစ်နေ့တော့ဖြင့် သူရောက်လာမှာ   အမှန်သာလို့ တွေးကာသာ   ငါတို့   ဆက်လျှောက်စို့ .....  ခုချိန်ခါမှာ ကိုယ့်ကိုကိုယ်သာ လောဘကြီးသူ၊  ဒေါသကြီးသူ မောဟကြီးသူ   ဘယ်သူဖြစ်ဖြစ် ပြင်သင့်တာပြင်ဖို့ နောက်မကျသေးတာ  သေချာသမို့ တစ်ဦးချင်းသာ ပြုပ