Posts

Showing posts from September, 2021

မျှော်ကြည့်မိခြင်း

တည်ဆောက်ခြင်းနဲ့ ပြိုလဲခြင်းရဲ့အကြောင်း လင်းလက်တောက်ပမှုနဲ့ အမှောင်တွေရဲ့အကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ယူခဲ့ရတဲ့အချိန်တွေရယ် .... ယုံကြည်ချက်က ကျောက်ဆောင်ပမာ အစွမ်းကုန် စွန့်လွှတ်မှုတွေဟာ လွှတ်ထားတဲ့ စွန်ကလေးဆီ အပေါ်ကိုမျှော်ကြည့်ရင်း မြေပြင်က ရစ်ဘီးလေးပိုင်ရှင်ရဲ့ ခံစားမှုလို .... ဝမ်းသာဝမ်းနည်းရတာတွေကို သရုပ်ပါပါနဲ့ ဖော်ပြမစွမ်းနိုင်သူအဖို့ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ မျက်ရည်စတွေနဲ့ ..... နာကျင်မှုတွေကို ချေဖျက်လို့ တောက်ပလာမဲ့ အနာဂတ်အတွက် လက်ချိုးရေတွက် ....။ September 18, 2021

ဆွဲနှုတ်ပစ်တဲ့ဆူးတစ်ချောင်း

လျှောက်ခဲ့ပါတယ်   ဒီလမ်းအတိုင်း နာကျင်ခံရခက်စရာ   အကြောင်းတရားဟာ နှုတ်ရခက်တတ်တဲ့   ဆူးတစ်ချောင်းလို မညှာမတာ   အခါခါမနာကျင်စေချင် တစ်ခါတည်းသာနာပါစေ ဆွဲနှုတ်ပစ်နိုင်ဖို့   ကိုယ်  ...  အမြဲကြိုးစားတယ်။   ငယ်စဉ်ခါက   လိုက်မမှီခဲ့တဲ့စကားလုံးတစ်ချို့က  ..... ခုချိန်မှာ   အံဝင်ခွင်ကျလို့ ပုရွက်ဆိတ်ကလည်း   သူ့အစွမ်းရှိသလို ပုစွန်ဆိတ်ရဲ့စူးကလည်း   နာကျင်စွမ်းစေတာပဲ   ။   အားကြီးခြင်း   အားနည်းခြင်းတိုင်းတာတဲ့အခါ တိုင်းတာရာ   စံပေတံမတူ   မတူညီမှုတွေကြောင့် တန်ဖိုးထားမှုတွေ   ခြားနားလှတယ်  .... ။ ဘဝစာသင်ကျောင်းမှာ အမှတ်ကောင်းကောင်းရဖို့ နိယာမတရားတွေ   နောကျေမှ  ..... ။ ပြုသူအသစ်   ဖြစ်သူအဟောင်း ကြွေးဟောင်းကိုသာ   အကျေဆပ်ပါရစေ ကြွေးသစ်ကိုတော့   ကိုယ့်မှာ   မလိုပြီ  .... ။ လူအချင်းချင်း   လှည့်ပတ်ခြင်း   ကင်းကြပါစေ  .... အထင်သေးခြင်း   အချင်းချင်း   ကင်းကြပါစေ  .... မလိုစိတ်ထား   အမုန်းပွားခြင်း   ကင်းကြပါစေ  ..... ။   သက်တန့်လွှာ September 5, 2021 (Mon)