Posts

Showing posts from May, 2021
ချိုသာ အီစိမ့်တဲ့ စကားအလှတန်ဆာရဲ့နောက်မှာ ပကတိတရားကဘာလဲ စူးစမ်းချင်စရာ တည်ကြည် ပြတ်သားမှုဟာ သူနေရာနဲ့သူ လိုတာမို့ ဇာတိသဘောရယ် စောကြောကြမယ် .....။ ဘဝမှာ ကြက်ခြေခတ်တွေနဲ့ မကင်းသာ မှားတတ်ကြတာချည်းပဲ ထာဝရအမြဲတော့ မမှားစမ်းနဲ့ပေါ့ ..... နောက်ကျောကို ထိုးသမျှမြားချက်တွေဟာ ဒီတာကပဲ စထွက်တယ်ဆိုတာ သေချာလွန်းလို့ အမှားထဲက အမှန်လမ်းဖွေရှာ ရပ်တည်မှုမှာ မှန်ရာဘက်က အားကြီးမှ ဓမ္မကိုလည်း မမေ့နဲ့ သံသယတွေးလည်း မများစမ်းနဲ့.....။ (31.05.2021) MON

သူမအတွက် ဆုတောင်း

Image
အရိပ်ကလေး တွေ့လိုက်ရတယ် ပန်းပန်တာတောင် ဆံထုံးပတ်လည်ဝေတဲ့သူက ​ဦးခေါင်းထက်မှာ ပန်းမဝေတဲ့နေ့အချို့ ထပ်တိုးလို့မြင် ရင်မှာမချိဖြစ်ရ ပွင့်နေတဲ့ ပန်းလေးတွေလည်း ပိုင်ရှင်အလာ မျှော်နေကြပြီ ....။ ဘယ်သူတွေ ဘာပြောပြော ပြုခဲ့သမျှသစ္စာ ခိုင်မာစေ သူ့အတွက် မေတ္တာလှိုင်လှိုင်ဝေ ကျန်းမာပကတိ အမြဲရှိပါစေ ....။ (24.5.2021) MON
  ခေါ်သံတွေကို   ငါကြားနေလို့ အချိန်ယန္တရားကို   အမြန်ရွှေ့ပစ်ချင်မိ ဒဏ်ရာတွေ   အမြန်ကျက်လို့ အနာဖေး   မြန်မြန်တက်စေကွယ်  ..... လိုချင်တာတွေ   ခုနေ   လွဲနေတာလည်း ဒါ .... အကြောင်းမဲ့   မှမဟုတ်ပဲ သွေးနဲ့ချွေးနဲ့   အကြိမ်ကြိမ်သာ   တည်ဆောက်ရင်း ဒဏ်ရာအနာတရတွေလည်း   မမှုနဲ့ မင်း မမှုလိုက်နဲ့  ..... အခြေအနေမှန်ကို   လက်ခံ တစ်ကပြန်စရလည်း   အသစ်ဘဝရနိုင်တယ် ဖွင့်ထားတဲ့   တံခါးသစ်ဆီ ရောက်အောင်လှမ်းရမယ်  ....။ (20.5.2021) THUR
  ဘဝမှာ   နုနယ်ပျိုမြစ်ခြင်းနဲ့  ရင့်ရော်ခြင်းဟာ  သစ်ရွက်ပမာ ဘဝရဲ့   ဝတ္ထုဇာတ်လမ်းတွေထဲ ဇာတ်သိမ်းကောင်းမဲ့အရေး  တွေးရင်း  အနာဂတ်ကို ရေးခြစ်ရာမှာ ယုံကြည်ချက်ဟာ အခရာမို့ လမ်းပေါ်လျှောက်ရင်းလမ်းမပျောက်စေလို  ..... ဘဝပင်လယ်ပြင်ဟာ လှိုင်းထန်လေဆန်လည်း လက်ပစ်ကူးရမဲ့အချိန်မှာ ပန်းတိုင်ရောက်ရေးသာရှေးရှုကြမယ် ..... အမှန်တရားကို မြတ်နိုး သစ္စာလေးပါး မြတ်တရားသာ  ထွဋ်မြတ်ထားရာ အမှန်သာမို့ သစ္စာဖြူဖြူနဲ့ တောင်းဆုတွေပြုမိတယ် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးလို့ ကောင်းကျိုးကိုယ် ၌  တည်ပါစေသော် .....။ (18.5.2021) Monday