ဘဝမှာ 

နုနယ်ပျိုမြစ်ခြင်းနဲ့ ရင့်ရော်ခြင်းဟာ 

သစ်ရွက်ပမာ

ဘဝရဲ့ ဝတ္ထုဇာတ်လမ်းတွေထဲ
ဇာတ်သိမ်းကောင်းမဲ့အရေး တွေးရင်း 
အနာဂတ်ကို ရေးခြစ်ရာမှာ
ယုံကြည်ချက်ဟာ အခရာမို့
လမ်းပေါ်လျှောက်ရင်းလမ်းမပျောက်စေလို  .....

ဘဝပင်လယ်ပြင်ဟာ
လှိုင်းထန်လေဆန်လည်း
လက်ပစ်ကူးရမဲ့အချိန်မှာ
ပန်းတိုင်ရောက်ရေးသာရှေးရှုကြမယ် .....

အမှန်တရားကို မြတ်နိုး
သစ္စာလေးပါး မြတ်တရားသာ 
ထွဋ်မြတ်ထားရာ အမှန်သာမို့
သစ္စာဖြူဖြူနဲ့ တောင်းဆုတွေပြုမိတယ်
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးလို့
ကောင်းကျိုးကိုယ်၌  တည်ပါစေသော် .....။

(18.5.2021) Monday



Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး