ခေါ်သံတွေကို ငါကြားနေလို့

အချိန်ယန္တရားကို အမြန်ရွှေ့ပစ်ချင်မိ

ဒဏ်ရာတွေ အမြန်ကျက်လို့

အနာဖေး မြန်မြန်တက်စေကွယ် .....


လိုချင်တာတွေ ခုနေ လွဲနေတာလည်း

ဒါ .... အကြောင်းမဲ့ မှမဟုတ်ပဲ

သွေးနဲ့ချွေးနဲ့ အကြိမ်ကြိမ်သာ တည်ဆောက်ရင်း

ဒဏ်ရာအနာတရတွေလည်း မမှုနဲ့

မင်း မမှုလိုက်နဲ့ .....


အခြေအနေမှန်ကို လက်ခံ

တစ်ကပြန်စရလည်း အသစ်ဘဝရနိုင်တယ်

ဖွင့်ထားတဲ့ တံခါးသစ်ဆီ

ရောက်အောင်လှမ်းရမယ် ....။


(20.5.2021) THUR

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...