Posts

Showing posts from October, 2019

တစ်ခါက နေ့ရက်များအတွက်

နှစ်ခါပြန်မရတော့တဲ့   အခွင့်အရေးတွေကို   မေ့ပစ်ပြီးတော့ မင်းရဲ့   အဝန်းအဝိုင်းမှာ   ခိုဝင်နားလို့ ဘဝတစ်ခုကို   အစပြုဖို့   ကြိုးစားဖူးတယ်   ပေးဆပ်မှုမှာ   ကိုယ်ပျော်မွေ့လို့   အားနည်းသူကိုမှ   ထူမတ်ပေးဖို့ အကောင်းဆုံးလမ်းကို   ရွေးမိသူဟာ တံလျှပ်ကိုရေထင်ခဲ့တဲ့   ရွှေသမင်လို လက်တွေ့ဘဝနဲ့   စိတ်ကူးများက ခြားနားလွန်းတော့   ကိုယ်   မောလာတယ် တစ်နေ့ထက်တစ်နေ့   ကိုယ်ဟာ မင်းတို့အတွက်     အသုံးချဖို့သက်သက် ရုပ်ပြတစ်ခုသာသာပဲလို့     သိလာဖို့ အချိန်တစ်ခု   အရင်းပြုလို့ ကိုယ်တိုင်ရိတ်သိမ်းဖို့   ကိုယ့်ကိုယ်တိုင်ပဲ   စိုက်ပျိုးရင်း ..... ကိုယ်က   ပေးတိုင်း   ပြန်မရမှန်း သိခဲ့သလို   ရလိုမှုမပါ   အရောင်မပါ ဒါဟာ   ကိုယ့်   မေတ္တာလို့ ယုံကြည်မျှော်လင့်စွာ ကြုံဆုံခဲ့ရ တစ်ခဏရဲ့ အဆုံးသတ်က ဇာတ်သိမ်းမလှ အတ္တလှလှနဲ့ ‌‌ ‌တစ်ဘ၀စာ သင်ခန်းစာမှာ ဂုဏ်ထူးမှတ်နဲ့ နောက်ပြန်မလှည့်  ကျောခိုင်းထွက်ခဲ့ တာ ယနေ့ထိပေါ့  ..... (7.10.2019) Monday

ဆုမွန်

Image
လုပ်ရပ်က   လုပ်ဇာတ်ဖြစ်နေတော့ ပွဲသိမ်းကောင်းအောင်တော့   ကြည့်ထိန်းပေါ့   အို  ....  ဇာတ်ဆရာ ဇာတ်သိမ်းခန်းတော့   လှပါစေရေး ငါတွေးရင်း   မောလှပေါ့ ဘေးကမထိုင်   ဘုလည်းမပြော ဂဏန်းလိုလူတော့   မဟုတ်တာ ငါ့ကိုယ်ငါ   သေချာလို့  ...... အရိုးခံ   စိတ်ရင်းဟာ   မကောင်းသူဖယ်လို့   ကောင်းသူကယ်စေ ဆုမွန်သာခြွေမိတော့တာ  ..... (၅.၁၀.၂၀၁၉) ရန်ကုန်

ဝေငှခြင်းအနုပညာ

Image
မိုးပေါ်ကို မော့ကြည့်တော့ ညရဲ့လက အေးမြမြနဲ့  သူ့လင်း သူဆောင်ကျဉ်းလို့ ......  လမိုက်ညရဲ့ တိမ်သားကင်းစင်  အာကာတခွင် ကြယ်ကလေးများလည်း  စွမ်းသလောက်နဲ့ ကမ္ဘာမြေကို  လင်းစေတာပင် ..... ​ သူ့အလင်းနဲ့ သူ့အချင်းက ညအမှောင်ကို ထိုးဖောက်ခွင်းလို့  တစ်နေ့တာ မောခဲ့သမျှ  လမင်းကို ငေးရင်း  ကြယ်တွေကို ရေတွက်ရင်း  တိတ်တဆိတ် ည များစွာ  ကျော်ဖြတ်ကာနဲ့  ရက်လနှစ်တို့ ကုန်မြန်ခဲ့တာ  ငယ်စဉ်ကနဲ့ မတူတာ  တစ်နေ့ထက် တစ်နေ ပိုပိုသေချာလာ ...... ပိုကောင်းမဲ့ မနက်ဖြန်များအတွက်  ကမ္ဘာမြေအတွက် လင်းလက်စေမဲ့  ကြယ်တစ်ပွင့်ကဲ့သို့ ဖြစ်ချင်မိဆဲ  ဖြစ်ချင်တာနဲ့ ဖြစ်နေတဲ့ကြား သဟဇာတ မျှအောင်သုံးသပ်လို့  ချစ်ခြင်းများလည်း တူတကွဝေမျှ  တစ်ယောက်လက်ကို တစ်ယောက်တွဲကူ  ရင်ဘတ်ချင်းတူစွာနဲ့  ဝေငှကြစို့ သူငယ်ချင်း ...... (1.10.2019) YGN