Posts

Showing posts from September, 2019

အသိအမှတ်ပြုခြင်းများ

Image
ငါ့မေတ္တာများက တခမ်းတနားနဲ့ ကြိုးစားသလောက် အရာထင်ခဲ့လို့ မမျှော်လင့်ခဲ့သော အသိအမှတ်ပြုခြင်းများ ငါလေပွေ့ဖက်လို့ ယုံကြည်အင်အားတို့ ယိုင်နဲ့ မသွားဖို့ ငါလေ အကြိမ်ကြိမ် အားတင်းလို့ ‌ရှေ့ဆက်ခရီးတွက် ခံယူချက်တို့လည်း ပြောင်းလဲမသွားဖို့ ...... (26.9.2019) YGN

လွမ်းရိပ် လွမ်းငွေ့ ဝေခဲ့တာပါပဲ

Image
ကြွေချိန်တန်လို့ ကြွေကျမြေခတဲ့ခါ သင်္ခါရရဲ့ သဘာဝငြင်းလို့မှမရတာမို့ လွမ်းရိပ် လွမ်းငွေ့ ဝေယုံမျှသာ  .... (24.9.2019) YGN

သင်ယူခြင်း...

Image
ဘဝက ချိုပေါ့ကျဆိမ့် တစ်ခွက်လို ဒုက္ခက လှလှနဲ့ မိတ်ဖက်ကပြုလို့ .................... သွားရာလမ်းမှာ မိုးလိုက်လို့ရွာသတဲ့ ......... အထူအပါးနားမလည် ခဲ့ရာက ဟိုးရှေ့ တစ်လံလောက်ထိ ကွက်ကျော်မြင်လာ‌အောင် ဘဝကများများ သင်ပေးခဲ့တာပဲ..... မှားရင်း ပြင်ရင်းနဲ့ ဘဝတိုတိုက တဖြည်းဖြည်း အဓိပ္ပါယ်တွေ ပြောင်းလာနေပြီ ....... မရှိတာထက် မသိတာခက် အသိခေါက်ခက် အဝင်နက် တစ်ပါးသူနှာခေါင်းပေါက်နဲ့ ဒီလေတွေကို မရှူသွင်းလို........ လွတ်လပ်စွာပဲ ကိုယ့်ကြမ္ပာ ကိုယ်ဖန်တီး ကိုယ့်လမ်းကိုယ်ပဲ ရှင်းရင်း မပြည့်သေးတဲ့အိုးထဲ အမြဲပဲ ဖြည့်သွင်းရင်း ............... (17.9.2019) 8:50 PM

ရင့်ကျက်မှု

Image
အရိုင်းဆန်တဲ့ အတွေးများလည်း ဟိုတစ်စ ဒီတစ်စ ကျွနှ်ပ်ကောင်းပြီး သင်မကောင်းတဲ့ခါ ဥပက္ခာသာ အစားထိုးကာ သခင့်လမ်းစဥ် လိုက်ဖို့ရာ ကောင်းဆိုးနှစ်တန် လက်ခံပါ ........... စိုသောလက် မခြောက်စေလို ချစ်စရှည်လို့ မုန်းစကို တိုစေ ရပ်တည်မှုတို့ မှန်ကန်စေ ..... ပိုင်းခြားသိမြင် စိတ်စွမ်းအင်က အချိန်က အဆုံးအဖြတ်ပေးလို့ ရင့်ကျက်မှုတို့ ကြီးထွားစေ ........ (14.9.2019) YGN

သူ့အရင်အတိုင်း

Image
အလွမ်းတွေက လတ်ဆတ်နေပေမဲ့ အလွမ်းဇာတ်ကို ဒီဘ၀ ဒီမျှနဲ့ပဲ ပြည်ဖုံး ကားချမလို့ ...... ငါ့နှလုံးသားက ငါ့အလိုကျ ပြဌာန်းပြီးသား နာကျင်စရာများ ရှိခဲ့ရင်လည်း ခံနိုင်ရည်အားနဲ့ တွန်းထုတ်မလို့ .......... ဘဝတစ်ခုအတွက် ငါ .... အသစ်ကပြန်စ အနာဟောင်းလည်း ငါ မဆွလိုပေမဲ့ အရာရာ နေသားတကျ မဖြစ်လှတော့ ဒီသံသရာ ဒီစက်ဝိုင်းထဲ လည်နေတုန်းပဲ ....... မမေ့နိုင်စရာ အတိတ် တစ်နေရာဟာ သူ့အရင်အတိုင်းလေးသာ ရှိနေဆဲပဲ .......   (4.9.2019) YGN

ကလေးအတွက်

Image
ကလေးရေ ...... ကြုံလာတဲ့ လောကဒဏ်ကို အဖြေမရှိတဲ့ ပုစ္ဆာလို ပဟေဠိ အဖြေ မညှိချင်တော့လို့ မထူးဇာတ် မင်း မခင်းချင်ပါနဲ့ ........ ဘဝ ရဲ့ မျှော်လင့်ခြင်း အတွက် တစ်လှမ်းချင်း မင်းလျှောက်ရမယ် ...... ဒုက္ခများနဲ့  ခါးသက်သက် နေ့တွေထက် ချိုမြိန် နေ့ရက်တွေနဲ့ မိတ်ဖွဲ့ပြီးမှ မင်းခရီးဆက်ပါ ........... ဘဝခရီးလမ်းထက် လဲကျတဲ့အခါလည်း ပြန်ထဖို့သာ လိုလိမ့်မယ် လျှောက်တဲ့လမ်းတိုင်း ‌ဖြောင့်တန်းစေဖို့ ကိုယ့်ကိုယ်တိုင်သာ ကြိုးပမ်းရမယ်လေ ..... ဘဝသင်ခန်းစာ ကျေညက်အောင် သင့်လျော်တဲ့ စာများလည်း မင်းဖတ်ရလိမ့်မယ် အဲဒီအတွက်တော့ မင်းအချိန်လေးပေး ..... ဒါမှ စိတ်ထားပြည့်ဝတဲ့သူတွေရဲ့ အပြုအမူတွေနဲ့ စိတ်ထားတွေလည်း မင်း သိလာပါလိမ့်မယ် ..... ပန်းတိုင် ရောက်ပြီးရင်တော့ စာနာစိတ်ကလေး ကိုယ်တွင်းမှာမွေး အားနည်းတဲ့ဖက်မှာ ရပ်ပေးလို့ လူတွေကို ဖေးမတဲ့လက်၊ ဆွဲထူမဲ့ လက်တစ်စုံနဲ့သာ ကယ်တင်ဖို့ မင်းသတိရပါ ........... (1.9.2019) YGN