သင်ယူခြင်း...

ဘဝက ချိုပေါ့ကျဆိမ့် တစ်ခွက်လို
ဒုက္ခက လှလှနဲ့ မိတ်ဖက်ကပြုလို့
.................... သွားရာလမ်းမှာ
မိုးလိုက်လို့ရွာသတဲ့ .........

အထူအပါးနားမလည် ခဲ့ရာက
ဟိုးရှေ့ တစ်လံလောက်ထိ
ကွက်ကျော်မြင်လာ‌အောင်
ဘဝကများများ သင်ပေးခဲ့တာပဲ.....
မှားရင်း ပြင်ရင်းနဲ့ ဘဝတိုတိုက
တဖြည်းဖြည်း အဓိပ္ပါယ်တွေ
ပြောင်းလာနေပြီ .......

မရှိတာထက် မသိတာခက်
အသိခေါက်ခက် အဝင်နက်
တစ်ပါးသူနှာခေါင်းပေါက်နဲ့
ဒီလေတွေကို မရှူသွင်းလို........
လွတ်လပ်စွာပဲ ကိုယ့်ကြမ္ပာ ကိုယ်ဖန်တီး
ကိုယ့်လမ်းကိုယ်ပဲ ရှင်းရင်း
မပြည့်သေးတဲ့အိုးထဲ အမြဲပဲ

ဖြည့်သွင်းရင်း ...............


(17.9.2019) 8:50 PM

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး