Posts

Showing posts from June, 2021

REST IN POWER

ယုံကြည်ချက်အတွက် ​လမ်းလျှောက်ဆဲ လူငယ်လေးတစ်ယောက် တောက်ပဆဲ လင်းလက်ဆဲကြယ်က ကြွေချိန်မတန်ပဲ အကြွေစောလွန်းလို့ ကမ္ဘာကြီးဟာ အကျည်းတန်နေ့ရက်တွေသာ များလာတော့တယ် .....။ ဒီကာလများမှာ ကဗျာလေးတွေ ချန်ခဲ့ လောကကြီးကို နှုတ်မဆက်ပဲ ထားခဲ့လိုက်ကြနဲ့ ကဗျာသစ်ပင်တွေက များများလာတာ .....။ ဟော .... ခုလည်းတစ်ယောက် သူရဲ့ချစ်ရတဲ့သူတွေနဲ့ သူချစ်တဲ့ သီချင်းတွေပဲချန်ခဲ့ လောကကြီးက ရုတ်တရက် ထွက်သွားလိုက်ပြန်ပြီကွယ် .....။ အဓိပ္ပါယ်တွေမဲ့နေလိုက်တာ လောကကြီးရယ် ကြယ်တွေကြွေကြွေကျနေတာ အောင့်သက်သက်နဲ့ ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ် ..... မင်းရဲ့ သီချင်းလေးထဲကလိုပဲ စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့ပါ အနုပညာကြယ်ပွင့်လေးရေ .....။ ​အေးချမ်းတဲ့ဘုံဘဝမှာ အနာအဆာမဲ့ ပြည့်စုံစွာနဲ့ ပျော်ရွှင်ပါတော့ မင်းရေးခဲ့တဲ့ ရသပေါင်းစုံနဲ့ သီးချင်းတွေက ဒီကမ္ဘာမြေမှာ ထာဝရရှင်သန်နေအုံးမှာပါ .....။ လွမ်းစရာဟာ နာစရာနဲ့ဖြေသာနိုင်ဖို့ အကြောင်းပြချက်က ခိုင်လုံလှတယ် နာကျင်မှုတွေဟာ အတိုင်းအဆမဲ့လွန်းပါတယ် ....။ ပေးဆပ်ရတာတွေက များများလာလို့ အချိန်တွေရယ် မြန်မြန်သာပြီးဆုံးစေတော့ .....။ REST IN POWER ... BROTHER!!! (23.06.2021) WED
Image
  ဒီနေ့အားလုံးရဲ့   နှလုံးသားမှာ ပန်တွေနဲ့ဝေနေပါတယ်အမေ  .... ။ နှင်းဆီဖူးတွေကလည်း တညီတညာတည်း ပွင့်နေလိုက်ကြတာ လူသားသံမဏိနှင်းဆီဖြစ်တဲ့   အမေ့အတွက်ထင်ရဲ့  .... ။ အမေ့သားသမီးမြေးမြစ်ကအစ ​ဆိုက္ကားဆရာ ပန်းရံလုပ်သားမကျန် အမေ့အတွက်   ပန်းကိုယ်စီနဲ့ ချစ်ခြင်းပြကြတာ ဒီတစ်ခါမွေးနေ့ဟာ ဟိုလူယုတ်မာတွေ အာဏာမရူး   ပလ္လင်သာမရူးခဲ့ရင် အမေ့ရဲ့   တုန့်ပြန်မေတ္တာသံလေး ခုလောက်ဆို   ကြားနေရလောက်ပြီပေါ့  ....။ ချစ်ခြင်းများနဲ့   လွမ်းလိုမဆုံးဖြစ်ရပါတယ်အမေ  ..... ။ အမေဆိုတဲ့   ဝေါဟာရက မွေးသမိခင်   မဟုတ်ပါပဲ မိခင်ကဲ့သို့   ဂုဏ်ရည်ကိုပိုင်ဆိုင်လို့ မကောင်းမြစ်တား   ကောင်းရာသာစေညွှန်တတ်သူမို့ အားလုံးရဲ့ရင်ထဲက   အမေရယ်လို့ ခေါ်ဆိုထိုက်သူဖြစ်လို့ တလောကလုံးကသူတွေက ချစ်ခြင်းအပြည့်နဲ့ခေါ်ကြတာပါ  .... ။ သားတို့သမီးတို့ သေချာယုံကြည်နေပါတယ် အမေ့ဆီက   စိတ်မှန်းနဲ့ပဲ တစ်နိုင်ငံလုံးနဲ့   အဝေးရောက်နေတဲ့ အမေ့သားသမီးမြေးမြစ်မကျန် အားလုံးအတွက်   မေတ္တာတရားတွေကို   အသံတိတ်ပို့လွှတ်လို့ သားတို့သမီးတို့တွေ   လုံခြုံမှုရနေတယ်ဆိုတာပါပဲ  ..... ။ လူယုတ်မာတို့လက်ထဲမှာ   ရောက်နေတဲ့ ဒီလိုမွေးနေ့မျိုးဟာ   ဒီတစ်ကြိမ်သာ နောက်ဆုံးဖြစ်ပါစေလ
  ရင်ကွဲသံတွေဟာ   တစစ်စစ်နဲ့ ခါးသီးတဲ့ ရက်ရှည်တွေမှာ တစ်စစီပြန့်ကျဲနေတဲ့ မျှော်လင့်ချက် အပိုင်းအစတွေကို ​ ဆက်ပုံဖော်ရင်း   အမှောင်ထဲမှာ ရုန်းကန်နေဆဲ  ..... ။ ပြိုလဲမသွားဖို့   ကျားကန်ရင်း အံကိုကြိတ်လို့   ပုံမှန်ဘဝကိုသာ   တမ်းတပေမဲ့ ပေးဆပ်ခဲ့ခြင်းက   မြင့်မြတ်စွာ ဆုံးရှုံးမှုတွေလည်း   မမှုတော့ ဘဝသစ်တစ်ခုဟာ   နေရာတကျ   ရှိနေမှာလို့  ….. ။ ခုချိန်မှာ   ရန်ငါစည်းခြား ဆုံးဖြတ်ချက်က   ဝေဝါးမသွား မသိစိတ်မှာတောင်   စွဲနစ်လာတော့ ကိုယ့်ကိုယ်ကိုယ်   ညာမရတော့ဘူးပေါ့  ..... ။   ဘဝတွေဟာ   တည်ဆောက်ရခက်ခဲသလောက် ဖျက်ဆီးပစ်ဖို့   တစ်ခဏပဲဆိုတာ ကိုယ်တွေ့ကြုံရ   ဒီဘဝမှာ  .... ။ ရုပ်ဝတ္ထုတွေကိုသာ   ဖျက်ဆီးလို့ရပေမဲ့   ငါတို့နှလုံးသားက   အမြဲတမ်း အမှန်တရားရဲ့   ဘက်တော်သားပဲမို့ ဘယ်နှစ်ကြိမ်ဖြိုလှဲကြပါစေ ဒူးမထောက်   လက်မမြှောက် အမြဲရှင်သန်လို့နေမှာပါ  .... ။ (19.06.2021) SAT
  တောင်းဆုတွေခြွေတယ် ကြွေးဟောင်းတွေကျေလို့ ကြွေးသစ်ချနေသလို နောက်ကျောကို   ထိုးတဲ့ဓားက သူ့သစ္စာနဲ့   သူ့မေတ္တာစွမ်းကြောင့် ထိုးကားထိုး၏   တိုးမပေါက်သာ  .... ။   တစ်ဘဝတစ်ခါနေရခိုက် ရင်ဝယ်သားကဲ့သို့   မေတ္တာနဲ့   ထီးလိုမိုး ​ သစ္စာတွေဆောင်လို့   ခရီးရောက်အောင် မဆုတ်မနစ်   ချီတက်နေတုန်း သူဖောက်ခဲ့တဲ့လမ်းခရီးတစ်ထောက်မှာ သူ့အရိပ်ကို   နင်းတက်လျှောက်ဖို့တော့မကြံရွယ်စေလို  .... ။   အားထုတ်မှုတို့  ဘယ်တော့မှ  မဝေဝါး ရပ်တည်ချက်တို့   သံမဏိပမာ ဘဝဇာတ်ခုံ   အစုံစုံမှာ တော်ရာဇာတ်ရုတ်နဲ့   ပိုင်နိုင်စွာကနိုင်လို့ အားလုံးက သူမှသူရယ်လို့   တသသဖြစ်ကြတာ  ဆန်းသလား   .... ။   လူယုတ်မာတို့   ဘယ်လိုပင်ကြံပါစေ ဘဝတစ်လျှောက်   ခရီးဆုံးထိရည်စူးလို့ အဓိကနဲ့   သာမညခွဲခြား သွေဖီမသွားတဲ့   ပန်းတိုင်ဆီသာလျှောက်ခဲ့ ခုလည်းလျှောက်နေဆဲ ဟိုးရှေ့မှာ   မြင်ရတော့မဲ့ နိုင်ငံတော်သစ်ဆီ မှန်းဆရင်းနဲ့ပေါ့     .... ။ သူမဆန္ဒ   တို့တတွေဖြည့်ရမယ် အားလုံးက   ကိုယ့်တာဝန်ကိုယ်ကျေ ရေလောင်းပေါင်းသင်   ကျရာဝန်ကိုထမ်း ခမ်းနားတဲ့   နိင်ငံတော်သစ်ဆီ ပွင့်လာတဲ့အသီးအပွင့်တွေက အားလုံးနဲ့သက်ဆိုင်ခြင်းဟာ ညီညွတ်မျှတခြင်းရဲ့   အဓိပ္ပယ်ပေါ့ .....။ သ
  ငါတို့ ဟာ ပစ်မှတ်ကို  ရွေးတတ်ဖိုတော့လိုတယ် ပစ်မှတ်ဟာ   ပွဲပြီးချိန်နီးတဲ့ခါ ဝေဝါးစေဖို့   ဖန်တီးထားတာ ခြေတစ်လှမ်းမှားတာနဲ့   ခံသွားရမယ်ဆိုတာပဲ  ..... စွန့်စားမှုနဲ့   ရွေးချယ်တတ်မှုဟာ အောင်မြင်မှုဆီကို   ပို့ပေးတတ်တာပဲ ငါတို့   ဦးနှောက်ကို   နေ့စဉ်လေ့ကျင့်ဖို့တော့လိုရဲ့  ..... သတိဆိုတာ   ပိုသည်မရှိပြန်တာလည်း ငါတို့တွေ့ကြုံခဲ့ရ   သင်ခန်းစာတွေက သက်သေတွေပြခဲ့ပေမဲ့ တစ်ချို့ သတိတစ်ချက်မှားတော့   အနာဂတ်ဟာဝေဝါးသွားကြတာ စိတ်မကောင်းစရာ  .... ။ ဓမ္မနဲ့အဓမ္မအားပြိုင်ပွဲမှာ ဓမ္မဘက်တော်သားတွေအတွက် အမှန်တရားက   ကမ္ဘာတစ်ပါတ်လှည့်ပြီးမှ ရောက်လာတတ်တာ   သဘာဝပဲမို့လား ..... ။ အောင်လံကို   တောင်ထိပ်ဆီလွှင့်နိုင်ဖို့ အလံသယ်တဲ့အဖွဲ့ကလည်း   သယ်ရင်း ဆူငြောင့်ခလုတ်တွေရှင်းသူကရှင်းတုန်းမို့ လမ်းခုလတ်နဲ့   လှည့်မပြန် လွယ်လွယ်နဲ့လက်မလျှော့ကြစို့ရဲ့  .... ။ (14.06.2021) MON 
  ကောင်းကင်ကြီးက   မဲမဲမှောင်နဲ့ မျက်ရည်မိုးတွေရွာနေတာ   မစဲသေးဘူး သူတော်ကောင်းတို့သစ္စာ   ဆုတောင်းကြောင့်ပဲလား ရှိသမျှ   ဝဋ်ကြွေးတွေ   ဒီဘဝမှာတင်   ကုန်ပါစေ   အကြောင်းပြုလို့ ခုဘဝ   ကောင်းတာတွေလုပ်နေလည်း ပေးဆပ်နေရတယ်ထင်ပါ့   ဝဋ်ကြွေးတွေကလည်း   ကြီးလွန်းလှပါတယ်လေ  .... ။ ကြေကွဲမှုတွေကတော့   ရင်နှင့်အမျှပါပဲ မသန့်ရှင်းစာ   အဂတိစာနဲ့ အသက်ရှင်သူမဟုတ်တော့ သန့်ရှင်းသောလက်နဲ့   မျှဝေပေးတဲ့အရာသာ  သူမ အတွက်လိုတာ  သေချာသိတာပေါ့ ဒါ   ဂုဏ်သိက္ခာပဲလေ  .... ။   ရင်နင့်ပေမဲ့   အားတော့   မငယ်ပါဘူး ဘဝမှာ   အကြိမ်ကြိမ်   ဆွဲချခံရလည်း သံမဏိလို   ခိုင်ကြည်တဲ့စိတ်နဲ့ပဲ ကျော်ဖြတ်ခဲ့တာ   အခါခါပဲမို့ လေးစားယုံကြည်မှုတွေဟာ မှတပါးအခြားမရှိတဲ့ အနှိုင်းမဲ့လူသားတစ်ဦးအနေဖြင့်သာ  .... ။ ခုလည်း  ....  ကြံ့ကြံ့ခံဆဲ ပြည်သူ့မေတ္တာ   ခံယူဆဲ မီးလျှံတွေကြားက   ဖီးနစ်ငှက်လို   သူမ ထွက်လာအုံးမှာလို့ အားလုံးက မျှော်နေဆဲပါ  .... ။ (7.6.2021) MON

ကဗျာသစ်ပင်

  ရင်နာစရာတွေနဲ့   ကိုယ်တိုင်ပဲနိမိတ်ဖတ် ကဗျာတွေရေးစပ်လို့   ကျန်ရစ်သူတွေမှာလည်း နင့်နင့်နဲနဲနဲ့   အမှတ်ရစရာတွေဟာ ကဗျာရွတ်သံတွေနဲ့   အဖြစ်က   မနေ့တစ်နေ့ကလို   ပြန်ဖြစ်တာပဲ  ..... ။   ရင်ဘတ်ချင်းနီးကြလို့ တစ်မြေထဲမနေလည်း ရဲဘော်တွေပဲလို့   ငါတို့သတ်မှတ်ကြတယ်  ..... ။   တကယ်တော့   ကဗျာတွေထဲမှာ နိမိတ်တွေ   ရှိနေခဲ့တာ တစ်နေ့ပြီးတစ်နေ့သိခဲ့ရတယ်  ..... ။ ကဗျာတွေထဲက   ကြယ်ကြွေမြေခတိုင်း ကမ္ဘာမြေပေါ်မှာ   ကဗျာသစ်ပင်တွေအဖြစ် နာမည်ကိုယ်စီနဲ့     မျိုးဆက်သစ်တို့အတွက် ကမ္ဗည်းမှတ်တမ်း   ကျန်ခဲ့ကြတယ်  ..... ။ (ကျဆုံးသွားတဲ့ သူရဲကောင်း ကဗျာဆရာများသို့ ဦးညွတ်ရင်း) (6.6.2021) SUN
  ခြွင်းချက်မရှိ   ကန့်သတ်မှုမပါ အလျားအနံမဲ့   မေတ္တာရဲ့အခြားတစ်ဖက်မှာ နှုတ်လို့မရတဲ့   သစ္စာတွေနဲ့ချည်လို့ ကောင်းကွက်ကိုသာရှာမိတယ်  .... ။   သင်ကောင်းလျင်   ကျွန်ုပ်မဆိုးပါ   ဆိုရိုးထက် ကိုယ်ကောင်းတော့   ခေါင်းဘယ်မှမရွေ့ဘူးဆိုတာ   လက်ခံလို့ ကိုယ့်အရပ်နဲ့   ကိုယ့်ဇာတ်ဟာ ကိုယ်အပိုင်နိုင်ဆုံး   ပြကွက်တွေသာသုံးလို့ ပရိတ်သတ်ရဲ့   နှလုံးကို   သိမ်းကျုံးယူနိုင်ဖို့   ငါ  ...  ကြိုးစားမယ်။   နာကျင်ခဲ့တာတွေ   အသာထားလို့ အချိန်ရထားကြီး   တစ်ပါတ်လည်တော့ အဲဒီ   ဘူတာမှာ   ရှင်သန်မှုအသစ်နဲ့   ခရီးစဉ်အသစ်အတွက်   လိုက်ပါစီးနင်းခွင့်ရပြန်တော့   မမြဲခြင်းတရားဟာ ​ ပြန်တွေးကြည့်မှ     ပိုသိသာလာတယ်။   တောက်ပတဲ့အလင်းရောင်ဆီမရောက်ခင် အမှောင်ဆုံးအချိန်တွေ   ဖြတ်ကြရတယ် ပျော့ပျောင်းခြင်းဟာ   မာကျောမှုကနေစတယ် အေးစက်မှုတွေကတဆင့်   နွေးထွေးမှုဆီ တကယ်တော့   ခရီးတစ်ထောက်စာပါပဲ နောက်ဆုံးတော့   စိတ်ရှည်သီးခံခြင်းနဲ့သာ ..... ။   (3.6.2021) THUR