ကဗျာသစ်ပင်

 ရင်နာစရာတွေနဲ့ ကိုယ်တိုင်ပဲနိမိတ်ဖတ်

ကဗျာတွေရေးစပ်လို့ ကျန်ရစ်သူတွေမှာလည်း

နင့်နင့်နဲနဲနဲ့ အမှတ်ရစရာတွေဟာ

ကဗျာရွတ်သံတွေနဲ့ 

အဖြစ်က မနေ့တစ်နေ့ကလို ပြန်ဖြစ်တာပဲ ..... 


ရင်ဘတ်ချင်းနီးကြလို့

တစ်မြေထဲမနေလည်း

ရဲဘော်တွေပဲလို့ 

ငါတို့သတ်မှတ်ကြတယ် ..... 


တကယ်တော့ ကဗျာတွေထဲမှာ

နိမိတ်တွေ ရှိနေခဲ့တာ

တစ်နေ့ပြီးတစ်နေ့သိခဲ့ရတယ် .....


ကဗျာတွေထဲက ကြယ်ကြွေမြေခတိုင်း

ကမ္ဘာမြေပေါ်မှာ ကဗျာသစ်ပင်တွေအဖြစ်

နာမည်ကိုယ်စီနဲ့  မျိုးဆက်သစ်တို့အတွက်

ကမ္ဗည်းမှတ်တမ်း ကျန်ခဲ့ကြတယ် .....

(ကျဆုံးသွားတဲ့ သူရဲကောင်း ကဗျာဆရာများသို့ ဦးညွတ်ရင်း)

(6.6.2021) SUN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ