ကောင်းကင်ကြီးက မဲမဲမှောင်နဲ့

မျက်ရည်မိုးတွေရွာနေတာ မစဲသေးဘူး

သူတော်ကောင်းတို့သစ္စာ ဆုတောင်းကြောင့်ပဲလား

ရှိသမျှ ဝဋ်ကြွေးတွေ ဒီဘဝမှာတင် 

ကုန်ပါစေ အကြောင်းပြုလို့

ခုဘဝ ကောင်းတာတွေလုပ်နေလည်း

ပေးဆပ်နေရတယ်ထင်ပါ့ 

ဝဋ်ကြွေးတွေကလည်း ကြီးလွန်းလှပါတယ်လေ ....


ကြေကွဲမှုတွေကတော့ ရင်နှင့်အမျှပါပဲ

မသန့်ရှင်းစာ အဂတိစာနဲ့

အသက်ရှင်သူမဟုတ်တော့

သန့်ရှင်းသောလက်နဲ့ မျှဝေပေးတဲ့အရာသာ သူမအတွက်လိုတာ သေချာသိတာပေါ့

ဒါ ဂုဏ်သိက္ခာပဲလေ .... 


ရင်နင့်ပေမဲ့ အားတော့ မငယ်ပါဘူး

ဘဝမှာ အကြိမ်ကြိမ် ဆွဲချခံရလည်း

သံမဏိလို ခိုင်ကြည်တဲ့စိတ်နဲ့ပဲ

ကျော်ဖြတ်ခဲ့တာ အခါခါပဲမို့

လေးစားယုံကြည်မှုတွေဟာ

မှတပါးအခြားမရှိတဲ့

အနှိုင်းမဲ့လူသားတစ်ဦးအနေဖြင့်သာ ....


ခုလည်း .... ကြံ့ကြံ့ခံဆဲ

ပြည်သူ့မေတ္တာ ခံယူဆဲ

မီးလျှံတွေကြားက ဖီးနစ်ငှက်လို 

သူမ ထွက်လာအုံးမှာလို့

အားလုံးက မျှော်နေဆဲပါ ....


(7.6.2021) MON

Comments

Popular posts from this blog

လီလီပန်းလေး

သင်ယူခြင်း...