REST IN POWER

ယုံကြည်ချက်အတွက်
​လမ်းလျှောက်ဆဲ လူငယ်လေးတစ်ယောက်
တောက်ပဆဲ လင်းလက်ဆဲကြယ်က
ကြွေချိန်မတန်ပဲ အကြွေစောလွန်းလို့
ကမ္ဘာကြီးဟာ
အကျည်းတန်နေ့ရက်တွေသာ များလာတော့တယ် .....။


ဒီကာလများမှာ
ကဗျာလေးတွေ ချန်ခဲ့
လောကကြီးကို နှုတ်မဆက်ပဲ
ထားခဲ့လိုက်ကြနဲ့
ကဗျာသစ်ပင်တွေက
များများလာတာ .....။


ဟော .... ခုလည်းတစ်ယောက်
သူရဲ့ချစ်ရတဲ့သူတွေနဲ့
သူချစ်တဲ့ သီချင်းတွေပဲချန်ခဲ့
လောကကြီးက ရုတ်တရက်
ထွက်သွားလိုက်ပြန်ပြီကွယ် .....။


အဓိပ္ပါယ်တွေမဲ့နေလိုက်တာ လောကကြီးရယ်
ကြယ်တွေကြွေကြွေကျနေတာ
အောင့်သက်သက်နဲ့ ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ် .....
မင်းရဲ့ သီချင်းလေးထဲကလိုပဲ
စိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့ပါ အနုပညာကြယ်ပွင့်လေးရေ .....။


​အေးချမ်းတဲ့ဘုံဘဝမှာ
အနာအဆာမဲ့ ပြည့်စုံစွာနဲ့
ပျော်ရွှင်ပါတော့
မင်းရေးခဲ့တဲ့ ရသပေါင်းစုံနဲ့
သီးချင်းတွေက ဒီကမ္ဘာမြေမှာ
ထာဝရရှင်သန်နေအုံးမှာပါ .....။


လွမ်းစရာဟာ နာစရာနဲ့ဖြေသာနိုင်ဖို့
အကြောင်းပြချက်က ခိုင်လုံလှတယ်
နာကျင်မှုတွေဟာ အတိုင်းအဆမဲ့လွန်းပါတယ် ....။

ပေးဆပ်ရတာတွေက များများလာလို့
အချိန်တွေရယ် မြန်မြန်သာပြီးဆုံးစေတော့ .....။


REST IN POWER ... BROTHER!!!

(23.06.2021) WED

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....