Posts

Showing posts from June, 2020

ရပ်တည်မှုတစ်ခုရဲ့ပြယုဂ်

Image
ဘယ်သူက   ခိုင်းစေသလဲမေးရင် အဖြေတော့မရှိ   ရင်ထဲကအရာ   ဘာမှန်းမသိခဲ့သလို သိဖို့ရာလည်း   ကြိုးစားမနေချင်  ..... အရာရာတိုင်းမှာ   နားလည်ပေးတတ်လွန်းတော့   အမေ့ခံဘဝ   ရောက်မှန်းမသိ အလိုက်သိတတ်လွန်းတော့ တာဝန်တစ်ရပ်ကဲ့သို့  ..... ထာဝရလား   တစ်ခဏလား   ခွဲခြားမသိ အမှတ်တမဲ့ထက်   အမှတ်တရက ပိုသာခဲ့တယ်ဆိုတဲ့အတွေး   ဒီမှာတင်ရပ်သင့်သလား  ..... အကျိုးမမျှော်ခဲ့ဘူးဆိုတာ   သေချာလွန်းလို့ သစ္စာတရားနဲ့   အချိန်တွေရယ်   သက်သေပြုလိမ့်မယ်  ..... (၂၈.၀၆.၂၀၂၀) ရန်ကုန်။ 

ဝမ်းစာ

သိလာခဲ့တယ် အတွေ့အကြုံများစွာနဲ့ရယ် အောင်မြင်မှုအစစ်က ဘာလဲဆိုတာ လွတ်လပ်မှုနဲ့ ပုံဖော်ထုဆစ်  တစ်နေ့ ပန်းတိုင်ရောက်ရမယ်လို့ ..... နေရိပ်အလာ နေပူကစောင့်ရတာလည်း ဓမ္မတာပဲမို့ ဉာဏ်ပညာဦးဆောင် ထီး ဖိနပ်ကလေးလည်း ဆောင်ရတာပဲပေါ့ ..... ကျင်လည်ရာ ဘဝတာမှာ လိုက်လေရှာလေ ဝေးဝေးပြေးလေမို့ ငွေကြေးနောက်ကို တို့ မလိုက်လို တစ်နေ့နေ့ရယ် ငွေဆိုတာ လူနောက်လိုက်လာဖို့ ဝမ်းစာတွေရယ် ဖြည့်ကြဖို့ပဲ ဆိုတာ သိလာခဲ့ပြန်တယ် .... အလျော်အစားတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကလည်း ဘဝမှာ အရေးပါသမို့ ကြီးကြီးသေးသေး ဒါ တို့အရေးပဲလို့ နေ့ရက်တိုင်းမှာ စိတ်ဝယ်မှတ်ထား  ကြိုးစားရပ်တည်လို့ရယ်  ခရီးဆက်ရပြန်ပြီလေ ..... (၂၇.၀၆.၂၀၂၀) ရန်ကုန်။ 

ယုံကြည်ရာရယ် နောက်နေ့သစ်များဆီ

Image
ဒီလိုနေ့မျိုးပေါ့ ကိုယ်စိတ်ကူးတွေနဲ့ ခဏခဏအရောက်သွားလို့  .... ဒီလိုနေ့မျိုးပေါ့ အိပ်မက်တွေထဲ အစီအစဉ်တကျ ကိုယ်လေ စီးမျောခဲ့ဖူးပေါ့ .... ဒီလိုနေ့မျိုးပေါ့ တစ်ခါတစ်ခါ  ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလို့ လိုက်ရှာခဲ့ရ တစ်ခဏတွေလည်း ရှိခဲ့ပေါ့ ..... ဒီလိုနေ့မျိုးတွေ များစွာရယ်နဲ့ ဆယ်စုနှစ်တွေရယ် လေးကြိမ်ရောက်လာ လောကဒဏ်ကိုလည်း အနိုင်တိုက်လို့ တစ်လုပ်စားဖူး သူ့ကျေးဇူးလည်းဆပ်လာခဲ့ရင်း မိတ်ကောင်း မိတ်တုလည်း ခွဲခြားတတ်ခဲ့ပြီ လိုသုံးများနဲ့လည်း ဝေးဝေးနေတတ်ခဲ့ပြီ ..... ဒီကနေ့ထိတိုင်  ယုံကြည်ရာရယ် စေတနာရယ်မှန်စွာနဲ့ မယိုင်မနဲ့ ငါလျှောက်ခဲ့လို့ ဒီတိုင်းသာ ဆက်လျှောက်ဖို့ အားမာန်ထည့်ရင်း ပတ္တမြားရတုမှသည် နီလာ၊ ရွှေ၊ မြ၊ စိန်ရတု ဆီ .....။ (ပတ္တာမြားရတု အမှတ်တရ) (၂၅.၀၆.၂၀၂၀) ရန်ကုန်။
အသက်နဲ့ထပ်တူ   စကားလေးရယ် ဘယ်တော့မှမမေ့ဘူး   ပြောခဲ့တာရယ် အလျာအနံမဲ့ပေမဲ့   အသွားအပြန်ရှိတယ်ဆိုတာ မေတ္တာတစ်ခုပဲရှိတယ်   ထင်ပါရဲ့ ..... မေတ္တာမျှခဲ့ကြတယ်ဆိုတာ ​ အဖိုးအဖွားခေတ်ရယ်ကတည်းက   မကပဲ သစ္စာများနဲ့   တည်ဆောက်လို့ ညစ်ပေတဲ့   အတွေးများလည်းမတွေး ပေးဆပ်ခြင်းရယ်လို့   အမည်မတပ်ပဲ ထာဝရကောင်းကျိုးကိုသာ   ရှေးရှုလို့ နေလာခဲ့သော   ကာလများလည်း ရှိခဲ့တာ သေချာတယ်လို့   ..... (နံနက်ခင်းအတွေးတစ်စ) (၂၂.၀၆.၂၀၂၀) ရန်ကုန်။ 

ပြောပြချင်တဲ့ အကြောင်းလေး

ပြောပြချင်တယ်  ဒီကနေ့ အဆင်ပြေတဲ့အကြောင်းလေး  ..... ပြောပြချင်တယ် ဒီကနေ့ နေသာတဲ့အကြောင်းလေး ..... ပြောပြချင်တယ် ဒီကနေ့ စိတ်ကြည်လင်နေတဲ့အကြောင်းလေး ..... ပြောပြချင်လို့ ဒီလိုပဲ သာယာတဲ့ လမ်းလေးပေါ်  အလိုက်သင့်လေး လျှောက်နေဆဲပဲလို့လေ ..... ပြောပြချင်သေးတယ် ဒီလိုလေး လျှောက်နိုင်ဖို့ ဝါယမလေးတော့ စိုက်ခဲ့တယ်ဆိုတာကိုပေါ့ .....။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

ဆယ်စုနှစ်လေးစုစာအတွေး

ကလေးဘဝအရွယ် ငယ်ကတည်းက ရင်တွင်းမေတ္တာ  ထုတ်ကာမပြ တိတ်ဆိတ်ခြင်းနဲ့ မိတ်ဖွဲ့ တိုးတိတ် စိုးစိတ် ဘဝင်မကျခဲ့လေသမျှ ဘဝခရီးလမ်း တစ်ဝက်ရယ်မှာ သူကောင်း ကိုယ်ကောင်း ကောင်းကျိုးတွေ ဆောင်လို့ ဟန်ဆောင်အလွှာတွေ ထိုးဖောက် သံယောဇဉ်အားတွေနဲ့  ခရီး နှင်လို့ရယ် ..... .. ဆယ်စုနှစ် လေးစုရောက်လာ လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့ မညီမျှခြင်းများနဲ့ ကြုံရဆုံရ ဒီဘဝမှာ ကိုယ်မသိနိုင်ခဲ့တဲ့ ဝဋ်ကြွေးများ ကျေစေလိုရင်း ပေးဆပ်ရင်းနဲ့သာ ..... ၁၀   စုနှစ်လေးစုစာ  ဘဝမှာ   ထင်ဟပ် နုနယ်ပျိုမြစ်ခြင်းမှသည်  သစ်ရွက်ပမာ တစ်နေ့ကြွေမှာပဲမို့ အပြစ်ဟူသမျှ ကင်းပါစေကြောင်း သံသရာအကြွေးလည်း ငါ ဆပ်ရင်း လောကဒဏ်ကို အံတုလို့ ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်တတ်ခဲ့ပြီ ......။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

အုံ့ပုန်း

အုံ့ပုန်းတဲ့ ..... ငယ်စဉ်ကတည်းက  မျိုသိပ်ခြင်းနဲ့ပဲ ရင်းနှီးလာခဲ့ ဘယ်သူတွေ ဘာပြောပြော စကားလုံးတွေက သက်သေပဲမို့ ကိုယ့်စိတ်နဲ့ကိုယ် အဖော်ပြုလို့ အနေတတ်ခဲ့တယ်။ ဝေဒနာ မကြေညာကြေးရယ်လို့ ဘယ်သူနဲ့မှ ကတိစကားတွေမထားခဲ့ စကားလုံးများက အလှအပ အနုအရွထက် အရှိအတိုင်းလေးပဲ ကောင်းပါတယ်လေ ......။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

လောကသစ်သို့

လောကသစ်ရယ် ကိုယ်လှမ်းခဲ့ပြီလို့ နံနက်ခင်းအလင်းနဲ့အတူ ဟစ်ကြွေး ရှေ့မှာ ကြုံဦးမဲ့ အခက်အခဲတွေရယ် ခေါင်းမော့ရင်ကော့ ပြေးတွေ့ရမှာပဲ ..... အားပြင်းပြင်း မြှားတစ်စင်းပမာ လေဟုန်ကိုလည်း ထိုးဖောက် သွားလိုရာ ပန်းတိုင်ဆီ အရှိန်မပျက် ချီတက်ပြီလေ .....။ (၁၇.၀၆.၂၀၂၀) ရန်ကုန်။

အမှိုက်တစ်စလိုလူမဖြစ်ဖို့

ပိုနေလို့ လွှင့်ပစ်တဲ့ အမှိုက်တစ်စလိုလူမဖြစ်ဖို့ ငါ ... အစွမ်းကုန် ကြိုးစားခဲ့တယ် လောကအတွက် အသုံးဝင်သူတစ်ယောက်လို့သတ်မှတ်ဖို့ ဘယ်ပေတံနဲ့တိုင်းရမလဲ လူတိုင်းမှာတော့ ကိုယ့်စံပေတံတွေကိုယ်စီနဲ့ရယ် ကိုယ့်ကိုယ်တွင်းက အရည်အသွေးတွေနဲ့ မိမိကိုယ်တိုင် သတ်မှတ်ပါ .....။ (၁၅.၀၆.၂၀၂၀) ရန်ကုန်။ 

ဝိရောဓိ

Image
အရာရာ နောက်ကွယ်ကမို့ အခြားလူသိဖို့ မလိုဘူးရယ်လို့ မြိုသိပ်ထားတဲ့ စကားတွေရယ် သိမ်းထားတဲ့ ကိုယ့်အတွေးတွေက ရံဖန်ရံခါ ဆန္ဒပြတော့ ကိုယ့်အတွေးများနဲ့ကိုယ် ပဋိပက္ခရယ် ဖြစ်လာတယ် ..... ဝိရောဓိတွေနဲ့ လွဲချော်မှုလေးတွေအကြောင်း ခဏခဏရယ် တွေးမိလို့ ..... အနာပေးပြီး ဆေးကျွေးတာတွေကလည်း နိယာမတရားပေပဲလို့  လက်ခံမယ် မခံဖို့ရယ်နဲ့ ရံဖန်ရံခါမှာ တွေဝေမိတော့ မောဟ အမှောင်ဖုံးလို့ ဖယ်ဖယ်ထုတ်ရတာ  မမောနိုင်မပန်းနိုင် ..... ကြေကွဲချိန် ဝမ်းနည်းချိန်တွေမှာ မျက်ရည်တွေက အပိုင်စီးလို့ သူ့အတွက် နေရာပေးရတာ ဘယ်သူတွေများ ကိုယ်ချင်းစာနိုင်မလဲလေ ..... (၁၄.၀၆.၂၀၂၀) ရန်ကုန်။ 
အဖြူရောင်စာမျက်နှာပေါ် အို မှင်ဖြူနဲ့ ငါရေးခြစ်လို့ ငါ့ကိုငါ ပြန်မြင်ရတယ် .... နိမိတ်ပုံတွေက  ဟိုတစ်ကွက် ဒီတစ်ကွက်ရယ်နဲ့ အဖြူရယ်မှာ စွန်းပေစရာမရှိ သူ့ဂုဏ်နဲ့သူသာ ရှိပါစေလို့  အတ္တဖြူဖြူနဲ့ ပြန်သိမ်းခဲ့ပြန် .....။ (အတွေးပန်းချီထဲက အဖြူရောင်) (၁၄.၆.၂၀၂၀) ရန်ကုန်။

ခရီးသွားဧည့်သည်

ချစ်ခြင်းမေတ္တာနဲ့   အလင်းအမှောင် ဓမ္မနဲ့ အဓမ္မ မှားမှန်ရယ် အဖြေရှာ တစ်နေ့ တွေ့မှာရယ်လို့ မမောတမ်း လျှောက်နေဆဲ အို ... ခရီးသွားဧည့်သည် (၁၂.၆.၂၀၂၀) ရန်ကုန်။ 

အဖြေမှန်

Image
သိစိတ်တစ်ခုရယ်  သက်သာရာအတွက် စောကြောအဖြေရှာ ဟိုးအတွင်းထဲမှာ အဖြေမှန်ဟာ ဥပက္ခာဆိုတာ သိခဲ့တယ် ..... (၀၉.၀၆.၂၀၂၀) ရန်ကုန်။

နှစ်သိမ့်ဆု

မေတ္တာတရားက   အားကြီးလာတဲ့အခါ မသိစိတ်ထဲက   အာရုံခံမှုက   ဉာဏ်အလင်းပေး   ဆက်စပ်တွေးစရာတွေ အများကြီးနဲ့   အရှိအတိုင်းပဲကို   လက်ခံလို့ ခွင့်လွှတ်   နားလည်ခြင်းများနဲ့ နေသားကျလာတယ် .... အရာရာမှာ   နားလည်ပေးခြင်းများနဲ့ ရောင့်ရဲတတ်လာတော့ ကိုယ်ပိုင်တဲ့   ကမ္ဘာလေးမှာ နှစ်သိမ့်ဆုတွေ   တိုးတိုးလာတာကိုပဲ ကျေနပ်စရာလို့   မှတ်ယူတတ်နေပြီလေ  .... (၀၅.၀၆.၂၀၂၀) ရန်ကုန်။ 

တံခါးများ စေ့လို့ထား

Image
သတိရတိုင်း   မင်းရှိမလားတွေး နေရာဟောင်းလေး   သွားသွားကြည့်မိတယ် လှုတ်ရှားမှုမရှိ   ငြိမ်သက်ဆဲ  .....  အမှတ်ရစရာများ   ထားခဲ့ချင်လည်း မင်းမှ   မသိနိုင်တာမို့   Only me နဲ့  သိမ်းထားရဆဲပေါ့     ..... ကမ္ဘာသစ်တစ်ခုမှာ   ရပ်တည်ရာရှာလို့ ငြီးငွေ့တဲ့အခါ   မင်းပြန်လာမှာပဲမို့ တံခါးများလည်း   စေ့ထားယုံသာ  ..... (၀၅.၀၆.၂၀၂၀) ရန်ကုန်။
Image
တစ်နေ့တော့ တွေ့နိုးရယ် ဖွေရှာနေဆဲ မေးခွန်းတွေများနဲ့ စောင့်စားရင်းလေ အဖြေတွေက ဝေးလို့နေဆဲ ..... ယုံကြည်ချက်တို့ နဲ့ နာကျင်စရာ ဒဏ်ချက်တွေက ဒီထက် မပိုနိုင်ဘူးထင်ရဲ့ .... အိပ်မက် ကိုယ်စီမက်ကြရင်း ဆုံမှတ်တစ်ခုဆီ ရောက်ဖို့ခက်ခဲပေမဲ့ ခက်တာကိုမှ လိုချင်ခဲ့တော့ ခရီးများဆုံးထိ လျှောက်ဖို့ တူညီဆန္ဒသာလိုလိမ့်မယ် ..... (၀၃.၀၆.၂၀၂၀) ရန်ကုန်။

အစစ်အမှန်

Image
ရင်ထဲမှာ ပန်းများပွင့်လို့ ရှင်သန်ခဲ့တယ် ကိုယ့်နှလုံးသားတို့ မှတ်ကျောက်တင်ခံ အစစ်အမှန်သာမို့ ဘယ်သူဘာပြောပြော ရှေ့ဆက်ရဦးမှာ ..... ယုံကြည်ချက်တွေရယ် ခိုင်မာလို့ အဖြေတွေဟာ နီးသထက်နီးလာ ခရီးများရယ် အဆုံးမရှိစေအုံးတော့ အလိုက်သင့်ပဲ ခရီးဆက်ဖို့ ရည်ရွယ် ..... (၀၂.၀၆.၂၀၂၀) ရန်ကုန်။