တစ်နေ့တော့ တွေ့နိုးရယ်

ဖွေရှာနေဆဲ မေးခွန်းတွေများနဲ့

စောင့်စားရင်းလေ

အဖြေတွေက ဝေးလို့နေဆဲ .....


ယုံကြည်ချက်တို့ နဲ့

နာကျင်စရာ ဒဏ်ချက်တွေက

ဒီထက် မပိုနိုင်ဘူးထင်ရဲ့ ....


အိပ်မက် ကိုယ်စီမက်ကြရင်း

ဆုံမှတ်တစ်ခုဆီ ရောက်ဖို့ခက်ခဲပေမဲ့

ခက်တာကိုမှ လိုချင်ခဲ့တော့

ခရီးများဆုံးထိ လျှောက်ဖို့

တူညီဆန္ဒသာလိုလိမ့်မယ် .....

(၀၃.၀၆.၂၀၂၀) ရန်ကုန်။


Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........