နှစ်သိမ့်ဆု

မေတ္တာတရားက အားကြီးလာတဲ့အခါ

မသိစိတ်ထဲက အာရုံခံမှုက 

ဉာဏ်အလင်းပေး ဆက်စပ်တွေးစရာတွေ

အများကြီးနဲ့ အရှိအတိုင်းပဲကို လက်ခံလို့

ခွင့်လွှတ် နားလည်ခြင်းများနဲ့

နေသားကျလာတယ် ....


အရာရာမှာ နားလည်ပေးခြင်းများနဲ့

ရောင့်ရဲတတ်လာတော့

ကိုယ်ပိုင်တဲ့ ကမ္ဘာလေးမှာ

နှစ်သိမ့်ဆုတွေ တိုးတိုးလာတာကိုပဲ

ကျေနပ်စရာလို့ မှတ်ယူတတ်နေပြီလေ ....

(၀၅.၀၆.၂၀၂၀) ရန်ကုန်။ 

Comments

Popular posts from this blog

လီလီပန်းလေး