ဟေး ရဲဘော်ရေ ....

ကိုယ်ယုံကြည်ရာတွေကို မလှည့်စားနဲ့အုံး 

အမှန်ကို မြင်နိုင်ဖို့ 

စိတ် အညစ်အကြေးတွေလည်း 

ဆေးကြောရမယ်

အဝေးက လရောင်က ဖမ်းဆုတ်လို့ မရတာ

အရှိတရားသာ မဟုတ်လား .....


လမ်းဆုံးတော့ မဟုတ်သေးလို့

ဖြေးဖြေးနဲ့မှန်မှန်ပဲ လျှောက်ကြစို့

စိတ်ကိုစိတ်နဲ့ ကုစားလို့ရမယ်

မေ့ဖျောက်စရာတွေ ဖယ်ထုတ်

နောက်ဆုံးမှာ 

ကိုယ့်ပျက်လုံး ကိုယ်ထုတ် 

ဟားတိုက် ပစ်နိုင်တယ်လို့ .....


လောကဒဏ်တွေရယ်

စူးနစ် ဖောက်ထွက်လို့

အသစ်က ပြန်စကြမယ်

အများအကြိုက် လိုက်ဖို့မလိုလို့

မထူးဇာတ်လည်း မခင်းနဲ့

လမ်းလည်း မပျောက်စေနဲ့ကွဲ့ ....

(၁၂.၀၉.၂၀၂၀) ရန်ကုန်။ 



Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ