Posts

Showing posts from 2022

ပျော်စရာအတု

  အဆက်အစပ်မဲ့   စကားလုံးတွေနဲ့   ချိတ်ဆက် ပျော်စရာ   အတုတွေနဲ့ အလွမ်းတွေက   နှစ်ထပ်ကွမ်းမကဘူး  .... အလွမ်းတေးပဲ   နားဝင်ဆံ့တော့သလို အလွမ်းသမား   ဂိုဏ်းဝင်ခဲ့ လွမ်းဆွတ်မှုနဲ့   အကျွမ်းတဝင် ဒဏ်ရာတွေကို   သိုဝှက်လို့ ပုံမှန်နေထိုင်မှုတွေထဲ     .... ဖြတ်တောက်မရတဲ့ကြိုးတွေနဲ့ နှောင်ဖွဲ့ရင်း  ..... ရုန်းထွက်ဖို့   မကြိုးစား မေ့ဖို့ပျောက်ဖို့   မကြိုးစား အကြောင်းကံကို   မပြောင်းမပြန်ပဲ အလိုက်သင့်စွာ   မျောပါခဲ့လေသလား  .... အမြင်တွေ   ဝေဝါးလို့ ပျော်စရာအတုတွေနဲ့ မနေမနား   သွားရအုံးမယ့်   ဒီဘဝခရီးမှာ တစ်နေရာစာတော့     ရှိနှင့်သလား မသေချာ  .... ။   သက်တန့်လွှာ Oct 14, 2022 (SAT)
  နတ်ဆိုးရဲ့   ခြိမ်းခြောက်သံကြောင့် တိုးတိတ်နှုတ်ဆိတ်လို့ နောက်ဆုတ်မဲ့ခြေထောက်က ပါမလာခဲ့  ..... ရှေ့တိုးခဲ့ဟန်   ရုန်းကန်သံသာ ကြားမိခဲ့ အမှန်တရားခါးခါးနဲ့ ဘေးကျပ်နံကျပ်   ဘဝဆိုးတွေမှာ မသာယာဖူးတာ   အမှန်ပါ မပြောဖြစ်တော့တဲ့စကားတွေအတွက် ရင်ဘတ်ချင်းသာသိစေ မတွေဝေ   မတိမ်းစောင်း ဒီလမ်းကပဲ   စောင့်မယ်  .... ။   ဆိုဖူးတဲ့သစ္စာ   မှန်ပါစေ ရွယ်ဖူးတဲ့လက်ချင်း   ချိတ်ကာ သွားကြဦးစို့   မိတ်ဆွေ  ..... ။   July 25, 2022 (Mon)
  ညအမှောင်ကို   ကြောက် လရောင်သာတဲ့နေ့တွေကို   မျှော် လရောင်ကင်းမဲ့ညတွေမှာ   ညတာ တိုပါစေ ဆန္ဒတွေစော   ဆုတွေတောင်းခဲ့  ..... ဘဝရဲ့   ပုစ္ဆာတစ်ချို့ဟာ ရှင်းပြစရာမလို အဖြေမှန်က   ရှိနှင့်လို့ အံဝင်ခွင်ကျဖြစ်ဖို့သာ အားထုတ်မိခဲ့     ..... မူမှန်သူနဲ့   မူမမှန်သူမှာ အချိန်က   စကားပြောလိမ့်မပေါ့ ကိုယ်ကောင်းရင်   ခေါင်းက   ဘယ်မှမရွေ့ဘူး   မဟုတ်လား  .... ရွေးချယ်တဲ့လမ်း   ကြမ်းတမ်းပါစေ တို့မမှုပြီ တက်မရှိတော့ရင်   လက်နဲ့လှော်မယ် ခံနိုင်ရည်အားနဲ့   ဖြောင့်ဖြောင့်လျှောက်မယ်  ....။ July 14, 2022 (THU)
  ချစ်ခြင်းတရားက   မွေးမိခင်တမျှ သူလုပ်သမျှ   မှင်သက်မိရ   ခဏခဏ မေတ္တာတရားကို   တန်ဖိုးထားမြဲ သစ္စာတရားနဲ့   သူလမ်းပြဆဲ အကြောက်တရားက   လွတ်မြောက်ဖို့အရေး သူ့ကိုယ်သူနဲ့စတေး   အမြဲ   လမ်းပြပေး  ..... အဲဒီကျေးဇူးကြွေး   တို့ဆပ်ဖိုးဝန်မလေး ဆူးညောင့်ခလုတ်တို့   ဖယ်ကာရှင်းရင်း အမေ့ခေါင်းမှာ   ပန်းတွေနဲ့ဝေဖို့တွေး ဖွေးဖွေးဖြူတဲ့   စံပယ်တစ်ခင်း ငါလေ  ...  စိုက်ပေးချင်။   TTH (19.6.2022) ကမ္ဘာ့ သံမဏိလိပ်ပြာရဲ့  ( ၁၉ . ၆ . ၂၀၂၂ )  မှာ   ကျရောက်တဲ့   ၇၇   နှစ်မြောက်   မွေးနေ့   လက်ဆောင်

၄၀ ကျော်အတွေးများ

၁၀   စုနှစ်လေးစုစာ ဘဝမှာ   နုနယ်ပျိုမြစ်ခြင်းနဲ့  ရင့်ရော်ခြင်းဟာ  သစ်ရွက်ပမာ ဘဝရဲ့   ဝတ္ထုဇာတ်လမ်းတွေထဲ ဇာတ်သိမ်းကောင်းမဲ့အရေး  တွေးရင်း  အနာဂတ်ကို ရေးခြစ်ရာမှာ ယုံကြည်ချက်ဟာ အခရာမို့ လမ်းပေါ်လျှောက်ရင်းလမ်းမပျောက်ဖို့ ငါ .... ကြိုးစားခဲ့တယ်  ..... ဘဝပင်လယ်ပြင်မှာ လှိုင်းထန်လေဆန်လည်း လက်ပစ်ကူးရမဲ့အချိန်မှာ  မမောတမ်းကူးခတ်လို့ ပန်းတိုင်ရောက်ရေးသာရှေးရှုလို့ ..... အမှန်တရားကို မြတ်နိုး သစ္စာလေးပါး မြတ်တရားသာ  ထွဋ်မြတ်ထားရာ အမှန်မို့ သစ္စာဖြူဖြူနဲ့ တောင်းဆုတွေပြုမိတယ် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးလို့ ကောင်းကျိုးကိုယ် ၌  တည်ပါစေသော် .....။ ဆယ်စုနှစ် လေးစုရယ်ကျော်လာတော့ အတွေ့အကြုံရယ်နဲ့ ဘဝလမ်းခရီးမယ် ဘယ်အကွေ့မှာ   ဘယ်ခလုပ်နှိပ်မလဲ ငါ .... ရွေးချယ်တတ်ခဲ့ပြီ ..... ကိုယ့်ကိုယ်ကိုယ်သာ   နှိမ့်ချ ပေးဆပ်ခြင်းများနဲ့   မွေ့လျော်ရင်း ငါ ....    ဘာမှမဟုတ်ခဲ့တာ သေချာတယ်  ဒီအတွက်   ငါ ... ကျေနပ်တတ်ခဲ့တယ်။ ဆယ်စုနှစ် လေးစုကျော်လာခဲ့ရင်း လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့ မညီမျှခြင်းများနဲ့ ကြုံရဆုံရ ဒီဘဝမှာ ကိုယ်မသိနိုင်ခဲ့တဲ့ ဝဋ်ကြွေးများ သိမြင်လာရင်း  အဆုံးတစ်နေ
  နာကျင်နေ့ရက်ရှည်တွေထဲ အေးစက်စက်   နှလုံးသားလည်း အနွေးဓာတ်တို့   ငံ့လင့်နေဆဲ  .... နားလည်စာနာမှုဟာ   ဝင်ကြည့်ရခက်လှ   အတွေးဆိုးတွေက   ပုံစံမကျ ဖြူစင်တဲ့ဘဝ   ပြန်ရဖို့ခက်လှ  ….. နေမပျော်စရာမရှိတဲ့   ဘဝတွေနဲ့ ပျော်စရာအတိနဲ့   ဘဝတွေကြား   ခြားနားမှုက   ကောင်းကင်   နဲ့   မြေကြီးအဝီစိ  .....။ (62.6.2022) THU

အဖော်

  အဆုံးအစမရှိတဲ့ လောကသံသရာထဲ ​ အတွေးတွေက   နက်ရှိုင်းတယ် ဘဝမှာ   သူ့အဓိပ္ပါယ်နဲ့သူပဲ ဘဝကိုယ်စီ   ရပ်တည်မှုကိုယ်စီပဲ အတိမ်အနက်သဘောတွေကို မင်း  ....  နားလည်တယ် ပျော်ရွှင်မှု   မပျော်ရွှင်မှုတွေက ဘယ်အရာမှ   မမြဲဘူး မင်း  …..  သိတယ်   နာကျင်ဒဏ်ရာတွေလည်း အချိန်က   ကုစားနိုင်ရမယ် အရှုံးမပေးလိုက်ဖို့ပဲ   လိုတယ်မဟုတ်လား  .... လဲကျတိုင်း   ပြန်ထဖို့ ခံနိုင်ရည်အားရှိရမယ် အတွေဆိုးများလည်း   ဖယ်ထုတ်   မသေမချင်း   အလုပ်လုပ်ရမယ်  .... ပေးဆပ်ခဲ့ခြင်းမှာလည်း အချိန်တွေကုန်ခဲ့သလောက် ကိုယ်ပြန်ရတာ   ရှိလိမ့်အုံးမယ်  .... အချစ်နဲ့   အမုန်း အရှုံးနဲ့   အနိုင် ချိန်မြိန်ခြင်းနဲ့   ခါးသီးခြင်း   အကြောင်း ကြင်နာမှုနဲ့   နာကျင်မှုအကြောင်း ပေးဆပ်မှုနဲ့   ရယူမှုတွေအကြောင်း ဘဝတစ်လျှောက်   သင်ယူတတ်မြောက်ခဲ့ရင် နေပျော်ပါတယ်  .... အဖော်   မမဲ့ပါဘူး ကိုယ့်ရဲ့စိတ်က   ကိုယ့်အဖော်ပဲမို့   အဖော်မမဲ့ပါဘူး  .....။ 31.3.2022(TUE)
ရပ်ကြည့်နေမိတယ် ရေဆန်ခရီးဟာ ရှည်ကြာလွန်းလှ လာရာလမ်းဟာလည်း ခရီးအတော်ပေါက်ခဲ့ပြီပဲ ..... ငေးကြည့်နေမိတယ် ချိတ်ချင်း ချိတ်တို့ငြိမြဲငြိဆဲ လူ့လောက သံသယာထဲ .... မမြင်နိုင်တဲ့ ကံကြမ္မာနေ့ရက်တွေမှာ မျိုးစေ့တွေက လောကတခွင် ဘယ်ဥယျာဉ်ထဲ ပေါက်ဖွားမလဲ ..... ဘယ်အသိုက်မှာ ခိုနားမလဲ ငှက်ကလေးရေ.... လိုရာခရီး မင်းပျံသွားတဲ့အခါ ဘေးကင်းလုံခြုံလို့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံတဲ့ကမ္ဘာမှာ မင်း နားခိုနိုင်ပါစေ ..... TTH (14.5.2022)
Image
ဘဝမှာ စံတွေသတ်မှတ်ချက်တွေဆီ အရောက်လှမ်းချင်ပေမဲ့ အတွေးတွေနဲ့ မှောက် ဘေးရောက်ရောက်သွားတာ .... ပြေးလမ်းတစ်လျှောက် သွားရာတူလို့ ဖေးကူမယ်တွေး ဝေးဝေးမပြေးရဲဘူး .... စိတ်အစဉ်မှာ မဖိတ်မစင်နဲ့ အနာဂတ်ဆီသို့ တွေးတွေးမြင်ပြီး စိတ်ကြီးဝင် ဘဝင်ကျမိတယ် ..... ရွေးချယ်စရာ ဒီတစ်လမ်းသာရှိတာမို့ လမ်းချင်းတူရင် တစ်နေ့တော့ဖြင့် ဆုံနိုင်ကောင်းရဲ့  မဝေးတဲ့အနာဂတ်မှာ အဖြေတစ်ခုက အသေအချာရှိနေရဲ့ ...။ TTH(24.04.2022)
ကာလတွေ ကြာညောင်းပေမဲ့ အလွမ်းတွေက လတ်ဆတ်နေတုန်း ဝေဝါးထွေပြားမသွားခဲ့တာ မျက်ရည်စတွေက သက်သေထူလို့ ..... အမှတ်ရစကောင်း အောင်းမေ့ရစကောင်းပေမဲ့ မာနအစွဲကြီးသူ မဖြစ်ရပါလို ​လောဘ၊ဒေါသ၊မောဟ နည်းသူ ကိုယ်ဖြစ်ရပါလို၏ .... ပုစ္ဆာအမေးတိုင်း ထာဝရဖြေရှင်းနိုင်သူ ဖြစ်ရပါလို ..... ခိုင်ကျည်တဲ့ သစ္စာတွေ မပျောက်ပျက်စေ ကြည်လင်တဲ့ မေတ္တာတွေ အစွမ်းထက်စေ ဂရုဏာအင်အား အစဉ်တိုးပွားနိုင်ပါစေ ..... 10.04.2022 YGN
ဘဝဇာတ်ခုံ အဖုံဖုံမှာ  ကိုယ့်ဇာတ်ကိုယ်ပိုင် တင်ဆက် အသုံးတော်ခံပေမဲ့  ရံဖန်ရံခါ ရင်ဘတ်ချင်း မတူတော့  အကယ်ဒမီဆုနဲ့ ဝေးကြသေးတာပဲလေ ... ပေးဆပ်သူတို့ရဲ့ နောက်ကြောမှာ  ဒဏ်ရာတွေဟာ သွေးအလိမ်းလိမ်းနဲ့  အများအကျိုးအတွက်တဲ့  နေ့စဉ်ဘဝတွေက မချိုမြနိုင်တော့...   မိသားစုဘဝတွေ ပြန်မဆုံနိုင်သေး  တချို့ကွက်လပ်တွေက အစားထိုးမရ  ထာဝရ လွင့်ပြယ်ပျောက်ပျက်သွား ...။  စခဲ့မိတော့ အဆုံးထိ မျှော်ကြရင်းနဲ့  လင့်နေတာတွေရှိပေမဲ့  ထမ်းပိုးလည်း ထမ်းရင်း  ဂုတ်ပိုးက အသားမာတွေတက်စေ  တာဝန်ကျေတဲ့ လူသားဖြစ်ချင်တယ်လေ ... တစ်ချို့က ဖော်မြူလာအတိုင်း လျှောက်နေတုန်း  တစ်ချိူ့က သည်းခြေကြိုက်စကားလုံးတွေသုံး  ပေါ်ပြူလာနောက် တကောက်ကောက် လိုက်နေကြတုန်းပါပဲ ...   အမှန်တရား ခါးခါးနဲ့  လာရာခရီးပြန်လှည့်ကြည့်တော့  နောက်မှာ ... ကျန်နေသူတွေထဲ  အပေါ်ယံတွေ များနေသေးတာ ....  တို့ ရိုးသားဖို့လိုလိမ့်မယ်  လမ်းခုလတ်ရောက်နေတဲ့ခရီးက  နောက်ပြန် လှည့်ထွက်ဖို့မှ မဟုတ်ပဲ  အရှေ့ဆီက ရောင်နီလာနေတာ  တို့တွေ ရှေ့ဆက်ဖို့ ခရီးဟာ  ပိုပြီး ရှင်းလင်းလာလေ မဟုတ်လား ...။   March 10, 2022

ကမ္ဘာမြေအတွက် သစ္စာဆုတောင်း

ငါ့ကမ္ဘာမြေအတွက် ငါ့အသွေး ငါ့အသား ငါ့နှလုံးအိမ်ထဲ ငါ ... ရိုးသားခြင်း သစ်ပင်ပဲစိုက်ခဲ့တယ် ဒီအသီးကိုပဲ ငါမျှော်လင့်စားသုံးမယ် ဒီသစ်ပင်က ထုတ်လွှတ်တဲ့ အောက်စီဂျင်နဲ့ ငါအသက်ရှင်ချင်တယ် ... ငါ့ သစ္စာတရားက လူသားတို့အပေါ်မှာ လွှမ်းခြုံလို့ သိက္ခာကို ရိက္ခာနဲ့မလဲ စည်းစိမ်ဥစ္စာတို့လည်း နိစ္စမမြဲတည်း ဓမ္မတာမို့ ငါ့ ခံယူချက်တို့ မပြို မလဲ ခိုင်ကျည်ခြင်းတရားနဲ့သာ ငါ ... မွေ့လျော်လိုတယ်။ အဖြူဟာ အဖြူနဲ့ရောလို့ သူ့မှာ စွန်းထင်းမှုကင်းတယ် အဖြူရောင်သက်သက်မှာ ရောချင်ရော အဖြူပဲအရောခံမယ် .... နေ့စဉ် မပြတ် ကျင့်ကြံအားထုတ်ခြင်းအတွက် ဒီတောင်းဆုလေး ပြည့်ပါစေ ... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ... အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ.... ဆင်းရဲလိုခြင်းအချင်းချင်း  ကင်းရှင်းကြပါစေ ... ။ February 06, 2022.(SUN)
နှလုံးဘဝင်မှာ အချိန်အခါမဲ့ ရွာတဲ့မိုးက အစိုးမရဆိုးလှတယ် ... ပျော့ပျောင်းတဲ့အသံမှာ အားမာန်မပါဘူးလို့ ဘယ်သူပြောသလဲ .... တိုးလျှိုးတောင်းပန်စရာမလို အမှန်တရားသာ သိစေလို .... မျိုးဆက်တွေဟာ အိပ်မက်တွေကို ဈေကြီးပေးဝယ် တစ်ချို့... ကောင်းကင်ပေါ်က ကြယ်တွေကို ဆွတ်ခူးဖို့ ခရီးဝေး ထွက်သွားကြတယ် .... တို့ဘဝတွေ ဆေးမြီးတိုနဲ့ ကုနေရုံနဲ့ ကျေနပ်လို့ ဖြစ်ပါ့မလား ဤခရီးက နီးလာပြီလား ... ရပ်ပစ်လို့မဖြစ်ဘူး ... ရပ်ပစ်လို့မဖြစ်ဘူး ... အချိန်ဆိုတဲ့ သမားတော်က ကုစားပေးလိမ့်မယ် သေချာတဲ့ မနက်ဖြန်တွေအတွက် လဲကျခဲ့လည်း ကုန်းထဖို့လိုဦးမယ် ..... တစ်ချို့က အနေအစားချောင်တဲ့ ဘဝတွေမှာ အပေါစားပျော်ရွှင်မှုတွေနဲ့  နှစ်သိမ့်ရင်း မျှော်လင့်ရင်း ထမ်းပိုးရင်း ရှေ့သို့ သာ လှမ်းကြည့်စေလို ..... တံခါးခေါက်နေပြီ အရုဏ်ဦးဟာ နိမိတ်ကောင်းတွေ သယ်လာခဲ့ သားရွှေအိုးထမ်းလာ လမ်းခုလတ်မှာ .... ခမ်းနားတဲ့သစ်ပင်ရိပ်အောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခိုနားနိုင်ကြဖို့ အမှိုက်ကအစ ရှင်းလင်းကြအုံးစို့။ February 06, 2022 (SUN)

ပြန်ဆုံမယ်

  ဖော်ရှာဝေး    မျှော်ကာငေးရင်း     ပြန်လာမဲ့ရက်   မျှော်လင့်လျှက် မေ့ပျောက်ဖို့ခက်   အချိန်ဆိုတဲ့ငှက်  .... အလွမ်းအာရုံထဲက  အလွမ်းစကားပါး   ဒီတစ်ခါ   လွမ်းနေယုံပဲလား  ..... သံသယမပို   သူ့အကြောင်းကိုဆို ကောင်းကျိုးသာရစေလို စိတ်မှာသို   သူ့နောက်က   အရိပ်ပမာလို   .... နားလည်စာနာ   အပြစ်မဆိုရက် ပြန်ဆုံကြမယ်   မျှော်လင့်လျှက်  .... January 20, 2022. 

နွေဦးရဲ့တေးသွား

စကားလုံးတစ်ချို့  တီးတိုးရေရွတ်သံကြားရ ဒါဟာ ရုန်းကန်သံပဲလို့ ... ဇာတ်လမ်းရဲ့ စ,လယ်,ဆုံးမှာ ရင်ဘတ်ချင်း နီးသူတွေနဲ့ အမှောင်တွေထဲက ဆိုနေကြတဲ့ နွေဦးရဲ့တေးသွားဟာ ဂန္တဝင်မြောက်စွာ ... ​နှလုံးသွေးများနဲ့ အရင်းအနှီးပြု ဒီအောင်ဆုဆိုတာ ဘာနဲ့မှ မလဲနိုင်တာ အသေအချာ ...။ သက်တန့်လွှာ

နှစ်သစ်အဓိဌာန်

သွားလိုရာခရီးလမ်းမှာ ပြိုင်တူတွန်းကြရင်း အလဲလဲ အကွဲကွဲ ဒဏ်ရာတွေမမှုအား ပေးဆပ်မှုတွေနဲ့ အရွေ့ပေါင်းများစွာ..... ပိတ်ထားတဲ့တံခါးများလည်း ပွင့်လာမှာ မျှော်လင့်ချက်အလင်းရောင်တွေနဲ့ ဖြောင့်မတ်မှန်ကန်ခြင်း ဝတ်ရုံကိုဝတ် ငါတို့ ... ပိုပြီးတော့ သန်မာကြမယ် .... မဆုံးသေးတဲ့ခရီးရှည်တွေ ဖြတ်ကျော်ရင်း နှစ်သစ်များမှာ ဖွေးသောလက်တွေနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အားယူကြမယ် ... (၁.၁.၂၀၂၂) ရန်ကုန်။