နှစ်သစ်အဓိဌာန်

သွားလိုရာခရီးလမ်းမှာ ပြိုင်တူတွန်းကြရင်း
အလဲလဲ အကွဲကွဲ ဒဏ်ရာတွေမမှုအား
ပေးဆပ်မှုတွေနဲ့ အရွေ့ပေါင်းများစွာ.....

ပိတ်ထားတဲ့တံခါးများလည်း ပွင့်လာမှာ
မျှော်လင့်ချက်အလင်းရောင်တွေနဲ့
ဖြောင့်မတ်မှန်ကန်ခြင်း ဝတ်ရုံကိုဝတ်
ငါတို့ ... ပိုပြီးတော့ သန်မာကြမယ် ....

မဆုံးသေးတဲ့ခရီးရှည်တွေ ဖြတ်ကျော်ရင်း
နှစ်သစ်များမှာ
ဖွေးသောလက်တွေနဲ့
အနာဂတ်ကို တည်ဆောက်ဖို့ အားယူကြမယ် ...
(၁.၁.၂၀၂၂) ရန်ကုန်။

Comments

Popular posts from this blog

ဆန္ဒလိုအင်

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....

သင်ယူခြင်း...