Posts

Showing posts from July, 2019

သွေဖီခြင်းနဲ့အနုပညာ

Image
အစကတော့ တစ်မျိုး ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းကျဖို့ ငါ့အသက်မွေးမှုက လက်တွေ့ကျကျ ....... နောက်တော့ တစ်မျိုးတိုးလို့ ဆေးစက်ကျရာ အရုပ်ထင်သလို ကလောင်တစ်ချက်က လက်နက်လိုပ စိတ်ယိုင်းတွေ ယဥ်စေလို့ လမ်းပျောက်သူကို ဖေးကူနိုင်ဖို့ စကားလုံးတွေကို အသက်သွင်းရင်း သွေဖီခြင်းသို့ ရောက်ခဲ့ပြီလေ ......... ဘယ်လိုပင် ဖြစ်ပါစေ ရပ်တည်မှုက အားနည်းတဲ့ဖက် ရပ်တည်စွမ်းနိုင်ဖို့ ရည်သန်လို့ရယ် စွမ်းသလောက် စွမ်းကုန် ရပ်တည်လို့ ငါကြိုးစားချင်တယ် ......... မေတ္တာစေကျွန် ဖြစ်ချင်လည်းဖြစ် မေတ္တာနှလုံး အစဥ်သုံးလို့ ရောင်ပြန်မလာ ရှိပါသော်လည်း ပို့သမေတ္တာ မခမ်းပါဟု ယုံကြည်မြဲမို့ လျှောက်ဆဲလျှောက်မြဲ လောကလမ်းထဲ .............. (29.7.2019) YGN 

ရှေ့ဆက်

Image
ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ တန်ဖိုးထားရာ ကိုယ့်ကမ္ဘာမှာ အရာရာ မင်းသဘောနဲ့ ယုံကြည်မျှော်လင့်လို့ ............ ထားခဲ့ ............မရေရာခြင်းတွေကို လျှောက်ကြမယ် ရဲရင့်မှုတွေနဲ့ ရပ်တန့်လို့မသွားပါ ဇွဲမာန်ထည့်လို့ နှစ်ယောက်တူတူပဲ ........... လွန်မြောက်လာပြီပဲ အလင်းမဲ့နေ့တွေ ရောင်နီဖြာတဲ့ မနက်ဖြန်ဟာ နွေးထွေးမှုနဲ့ ကြိုကာစောင့်လို့ ရှေ့ဆက်သွားကြဖို့ လိုပြီလေ ................. မေ့လိုက်တော့ ....... မခံချင်အောင်ပြောစကားတွေ မဆုတ်မနစ်နဲ့ ကြိုးစားလို့ ပြစမ်းမယ် သူမတူ တမူထူးကာရယ် ကိုယ့်သမိုင်း ကိုယ်ရေးကြတာဖြင့် ရာဇဝင်မှာ တင်ကျန်ရစ်စေ ............ (26.7.2019) YGN

ယုံကြည်ရာလမ်း (၂)

Image
ငှက်ကလည်း သူ့အတောင်ပံနဲ့ ပျံသလို လူမှာလည်း သူ့အကြံ သူ့ဟန်နဲ့ပဲ ဘဝပေးတွေ မတူကြတဲ့အခါ ရပ်တည်ကြပေါ့ ယုံကြည်ရာ ............... ‌‌ဟေ့ .......... လူ့ဘဝမှာ အကျိုးအကြောင်း အဆိုးအကောင်းများဟာ ပြုခဲ့တဲ့အတိုင်းသာ ဖြစ်ပျက်လို့နေတာ ဒီနေ့ရဲ့ပြုခဲ့တဲ့ ကောင်းခြင်းများဟာ တစ်နေ့နေ့တော့ဖြင့် ရရှိလိမ့်မှာ စိုက်ခဲ့တဲ့အတိုင်းသာ ........... ဒါကြောင့်မို့သာ အယောက်စီတိုင်းဟာ ကောင်းကျိုးရအောင်အလို့ငှာ ကိုယ်စိတ်နှပါး ဖြောင့်မတ်မှန်စွာ ကြိုးစားကြရမှာ ............. (20.7.2019) YGN

ဝေဒနာပြတင်းတံခါး

Image
တိတ်တိတ်လေးနဲ့ ကိုယ်မသိခင် သူဝင်လာခဲ့ တစ်ခဏလား ထာဝရလား မသေချာပေမဲ့ ကံကြမ္မာကို ပုံအပ်လို့ ............ ကိုယ့်ဘဝ သင်ရိုးထဲမှာ အနေတတ်ဖို့နဲ့ လွမ်းတတ်ဖို့ရာ ပါလာခဲ့တော့လည်း အလွမ်းဇတ် အလွမ်းသီချင်း အလွမ်း ကဗျာများနဲ့ ကိုယ့်မှာ ချာချာလည်လို့ ............ နေတတ်သလိုလည်း နေပါတယ် စေလိုရာစေလည်း ရပါတယ် တစ်ခါတစ်လေတော့လဲ လှေခါးထစ်လေးလိုလည်း အသုံးချလို့ သူ့ဘဝမြင့်ပါစေ ရည်ရွယ်လို့ ............. သေချာတာတစ်ခုကတော့ ကိုယ့်ဘဝအတွက်မတွေး သူ့အတွက်ဦးစားပေး အကောင်းဆုံး လမ်းကိုရွေး ဘေးဖယ်ပေးလို့ ရုတ်တရက် နှုတ်ဆက်စကားမဆို တိတ်တိတ်လေးနဲ့ ကိုယ် ............ (10.7.2019) 10 : 00 PM

ချည်မိသည့်ကြိုး

Image
မခြွေခင်က ကြွေနှင့်လေပြီ ပီတိစကား မကြွားတကြွား ပြောချင်လွန်းလှသည် .............. ချည်မိသည်ကြိုး တိုးလို့ခိုင်ကာ နှစ်ဦးမေတ္တာ သွားရာလမ်းမှာ တားဆီးမဲ့စွာ ရှိပါစေကြောင်း တောင်းဆုခါခါ ခြွေလို့သာ ........... ခုချိန်ခါထိ ပြည့်ဝဆန္ဒ ထပ်တူကျလို့ ကြည်နူးခြင်းရဲ့ ဟိုးတစ်ဖက်မှာ တားဆီးကာမရ မျက်ရည်များက အားပါးတရ စီးကာကျခဲ့ပြီ .......... ရင်မှာ ဆန္ဒ ရှိခဲ့ပါသည် ထာဝရထက် တစ်ရက်ပိုကာ ရှိနေချင်တာ မင်းအတွက်သာ ............. သို့ကြောင့်သည်သာ မေတ္တာစိတ်ထား မဖောက်ပြားပဲ သစ္စာများဖြင့် မြဲမြဲခိုင်ကာ ချည်ထားဆဲပါ .............. 7.8.2019 (10:01 PM)

နီးရက်နဲ့ဝေး

Image
ရင်မှာ ထင်ကျန်ခဲ့ပြီ ဒဏ်ရာကိုယ်စီ လျှောက်ခဲ့တဲ့လမ်းမှာ ရှေ့တိုးဖို့ခက်တော့ လိုက်လို့ပြေးတာလား၊ ပြေးလို့ လိုက်တာလား ....... ခွဲခြားမရတဲ့ နောက်မတော့ အမြီးအမောက် မတည့်သော ဝေဒနာက ဒီရင်မှာ လာရိုက်ခတ်တာပဲလေ .............. လွယ်လွယ်လေးနဲ့ ရဖို့ခက်တော့လည်း ခက်တာကိုမှတသသနဲ့ လူ့ဘဝ လက်မလွှတ်နိုင်တာမို့ အထာကျကျနဲ့ပဲ လမ်းဆုံးထိလိုက်မလား လက်လျှော့ရမလား သူ့အတွေးတွေ ဝေဝါးစေတာ .................. ပြောချင်တဲ့ စကားလေးတစ်ခွန်းကိုမှ သူသိပါစေ ပြောဖို့ရာ ဆွံအ ........... သေရာပါတဲ့ဒဏ်ရာများနဲ့ သူကထားရစ်လို့ တကယ်တော့ ကိုယ်တို့နှစ်ဦးက မဆုံနိုင်တော့တဲ့ လမ်းကိုယ်စီ နီးရက်နဲ့ဝေး ............ ဟိုးအဝေးဆီသို့ ပြေးခဲ့ကြပြီ။ (7.3.2019) WED

နံရံတွေမှာ နားရှိတယ် .........

မတွေးဘူး .....မမြင်ဘူး ...... မသိဘူးရယ်နဲ့ ရေငုံလို့နှုတ်ပိတ်ကာသာ နေလိုက်တော့မယ်ရယ်ဟဲ့ မှန်ထဲက အရိပ်က ကိုယ့်နမိတ်ထင်ဟပ်လို့ မှန်မကြည့်တော့ ကိုယ့်မျက်ချေးတောင် ကိုယ်မမြင်နိုင်ပဲ သူတစ်ပါးကို အပြစ်မြင်တော့ ခက်.... ခက်လှပေါ့လေ မျက်မှန်စိမ်း တပ်ထားတော့ ကြုံလာသမျှ အလိုမကျချင်စရာက ကုဋေကုဍာနဲ ပေါ့ တွေ့သမျှ မြင်သမျှ သဟဇာတဖြစ်ဖို့က ပြုံးမိသမျှ အပြုံးတွေက အရှုံးတွေ၊ အမုန်းတွေအတွက် အားဆေးတစ်ခွက်ပဲဖြစ်စေမှာ .......... နံရံတွေမှာ နားရှိတယ်ဆိုတာ အမှန်တရားမို့ ပြောပြီးစကား သူကြားစေလို့ ပဲ့တင်သဘောကို သိမြင်စေ ............. (7.3.2019) 12:34AM

လောကအရာ

Image
အကြင်နာစစ်က ဘယ်မှာရှာမရ အလွှာတစ်လွှာမက ကွယ်ကာနေနေကြ အပြုံးတစ်ချို့ရဲ့နောက်က ရက်စက်မှုက ရေတွက်လို့လည်းမရ ...... မြေနှိမ့်ရာ လှံစိုက်လေတော့ မြေစာပင်တစ်ချို့က ဓားစာခံပမာ အယောင်ဆောင်တစ်ချို့ကလည်း ဂရုဏာတရားဆိုတဲ့အလံကို တလူလူလွှင့်လို့ ...... ချနင်းစရာအကွက်တွေ သူကစားတာ တချို့မှာတော့ ကစားခံ နယ်ရုပ်လေးပမာသာ သူ‌ရွှေ့တဲ့အကွက်မှာ လိုက်ပါ‌ရွေ့ရတာ သိပ်လှတဲ့အကွက်တွေထဲ သူရှိနေတာ ...... အို........... ဒါကြောင့်မို့သာ လောကကြိုးဝိုင်းရဲ့ဉာဏ်ကစားတဲ့ပွဲမှာ ဦးရာလူစားစမြဲမို့ သတိအနေအထား ရှိနေပါစေလို့သာ............... (2.7.2019) Tuesday