ရှေ့ဆက်

ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ
တန်ဖိုးထားရာ ကိုယ့်ကမ္ဘာမှာ
အရာရာ မင်းသဘောနဲ့
ယုံကြည်မျှော်လင့်လို့ ............

ထားခဲ့ ............မရေရာခြင်းတွေကို
လျှောက်ကြမယ် ရဲရင့်မှုတွေနဲ့
ရပ်တန့်လို့မသွားပါ ဇွဲမာန်ထည့်လို့
နှစ်ယောက်တူတူပဲ ...........

လွန်မြောက်လာပြီပဲ အလင်းမဲ့နေ့တွေ
ရောင်နီဖြာတဲ့ မနက်ဖြန်ဟာ
နွေးထွေးမှုနဲ့ ကြိုကာစောင့်လို့
ရှေ့ဆက်သွားကြဖို့ လိုပြီလေ .................

မေ့လိုက်တော့ ....... မခံချင်အောင်ပြောစကားတွေ
မဆုတ်မနစ်နဲ့ ကြိုးစားလို့
ပြစမ်းမယ် သူမတူ တမူထူးကာရယ်
ကိုယ့်သမိုင်း ကိုယ်ရေးကြတာဖြင့်
ရာဇဝင်မှာ တင်ကျန်ရစ်စေ ............



(26.7.2019) YGN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး