ဝေဒနာပြတင်းတံခါး

တိတ်တိတ်လေးနဲ့
ကိုယ်မသိခင် သူဝင်လာခဲ့
တစ်ခဏလား ထာဝရလား
မသေချာပေမဲ့
ကံကြမ္မာကို ပုံအပ်လို့ ............

ကိုယ့်ဘဝ သင်ရိုးထဲမှာ
အနေတတ်ဖို့နဲ့ လွမ်းတတ်ဖို့ရာ
ပါလာခဲ့တော့လည်း
အလွမ်းဇတ် အလွမ်းသီချင်း
အလွမ်း ကဗျာများနဲ့
ကိုယ့်မှာ ချာချာလည်လို့ ............

နေတတ်သလိုလည်း နေပါတယ်
စေလိုရာစေလည်း ရပါတယ်
တစ်ခါတစ်လေတော့လဲ
လှေခါးထစ်လေးလိုလည်း
အသုံးချလို့ သူ့ဘဝမြင့်ပါစေ
ရည်ရွယ်လို့ .............

သေချာတာတစ်ခုကတော့
ကိုယ့်ဘဝအတွက်မတွေး
သူ့အတွက်ဦးစားပေး
အကောင်းဆုံး လမ်းကိုရွေး
ဘေးဖယ်ပေးလို့
ရုတ်တရက် နှုတ်ဆက်စကားမဆို

တိတ်တိတ်လေးနဲ့ ကိုယ် ............

(10.7.2019) 10 : 00 PM

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး