လောကအရာ

အကြင်နာစစ်က ဘယ်မှာရှာမရ
အလွှာတစ်လွှာမက ကွယ်ကာနေနေကြ
အပြုံးတစ်ချို့ရဲ့နောက်က ရက်စက်မှုက
ရေတွက်လို့လည်းမရ ......

မြေနှိမ့်ရာ လှံစိုက်လေတော့
မြေစာပင်တစ်ချို့က ဓားစာခံပမာ
အယောင်ဆောင်တစ်ချို့ကလည်း
ဂရုဏာတရားဆိုတဲ့အလံကို တလူလူလွှင့်လို့ ......

ချနင်းစရာအကွက်တွေ သူကစားတာ
တချို့မှာတော့ ကစားခံ နယ်ရုပ်လေးပမာသာ
သူ‌ရွှေ့တဲ့အကွက်မှာ လိုက်ပါ‌ရွေ့ရတာ
သိပ်လှတဲ့အကွက်တွေထဲ သူရှိနေတာ ......

အို........... ဒါကြောင့်မို့သာ
လောကကြိုးဝိုင်းရဲ့ဉာဏ်ကစားတဲ့ပွဲမှာ
ဦးရာလူစားစမြဲမို့ သတိအနေအထား
ရှိနေပါစေလို့သာ...............



(2.7.2019) Tuesday

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး