ယုံကြည်ရာလမ်း (၂)

ငှက်ကလည်း သူ့အတောင်ပံနဲ့ ပျံသလို
လူမှာလည်း သူ့အကြံ သူ့ဟန်နဲ့ပဲ
ဘဝပေးတွေ မတူကြတဲ့အခါ
ရပ်တည်ကြပေါ့ ယုံကြည်ရာ ...............
‌‌ဟေ့ .......... လူ့ဘဝမှာ
အကျိုးအကြောင်း အဆိုးအကောင်းများဟာ
ပြုခဲ့တဲ့အတိုင်းသာ ဖြစ်ပျက်လို့နေတာ
ဒီနေ့ရဲ့ပြုခဲ့တဲ့ ကောင်းခြင်းများဟာ
တစ်နေ့နေ့တော့ဖြင့် ရရှိလိမ့်မှာ
စိုက်ခဲ့တဲ့အတိုင်းသာ ...........

ဒါကြောင့်မို့သာ အယောက်စီတိုင်းဟာ
ကောင်းကျိုးရအောင်အလို့ငှာ
ကိုယ်စိတ်နှပါး ဖြောင့်မတ်မှန်စွာ

ကြိုးစားကြရမှာ .............



(20.7.2019) YGN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး