Posts

Showing posts from July, 2021
  အမှန်တရားက   လမ်းထွက်လျှောက်တုန်း ရင်ခွင်တစ်ခုလုံး   ဗလာကြီးနဲ့ ခါးသက်သက်   အတွေ့အကြုံတွေကလည်း ကိုဗစ်နဲ့မှ   မိတ်ဖွဲ့ကြရသတဲ့  .... သူကလည်းအလစ်သုတ်ဖို့   တစ်နေရာကစောင့်ကြည့် ပေစောင်းစောင်းနဲ့   အာပေတူးခမျာ O2 ရှာဖွေရေးလုပ်ရင်း သူတပါးလည်း   ကူညီရင်းပဲ အဆုတ်ထဲ   ရှိုက်ထဲ့လိုက်မိသတဲ့  .... ငါတို့မှာ   ငါတို့ပဲရှိတာကလား ဒီမနက်   ကြက်ဥတစ်လုံး   ၅  ကျပ် နဲ့ရမတဲ့ ဒီနှလုံးသားတွေနဲ့ ဒီမြေ   ဒီရေမှာ   ကောက်ရိုးလေးတစ်မျှင်လည်း   အားဖြစ်တယ်  .... ဒီချိန်မှာ   ဆင်ရဲသားလူချမ်းသာမကွဲ ဒီလေကိုပဲ   ဝအောင်ရှူရဖို့ အသက်တွေစတေး တစ်အိမ်တစ်ယောက်ထွက် ကိုဗစ်နဲ့   ထွေပစ်တမ်းကစားကြရတယ်  .... အားတင်းထားစို့   သန်းခေါင့်ထက်   ညဉ့်မနက်နိုင်ဘူး ဒီတောင်ကို   မောင်ပဲဖြိုဖြို မယ်ပဲဖြိုဖြို   ပြိုဖို့သာအဓိက လဲနေသူဆွဲထူကြ အားငယ်သူ   အားပေးကြ  ... ။   သက်တန့်လွှာ ၂၁ . ၀၇ . ၂၀၂၁ ( ဗုဒ္ဓဟူး )
  အလွမ်းစကားတွေချည်းပဲ   မဆိုပါရစေနဲ့တော့ တစ်နေ့ဒီလမ်းသွားရမှာဆိုပေမဲ့ နှမျောတသရလို့   ဟောဒီကမ္ဘာမှာ   အချိန်မတန်ပဲ   တဖြုတ်ဖြုတ်ကြွေကျ ဘဝများစွာ ရင်တွေလည်းတဆစ်ဆစ်နာရ  .... ကိုယ်ရှူမဲ့လေတောင်   အလုံအလောက်မရတဲ့ဘဝတွေနဲ့   မရှူနိုင်မကယ်နိုင် လေကို   အလုအယက်ဝယ်ရှူရတဲ့ပြည်မှာ အို  ...  ကန့်သတ်မှုပေါင်းများစွာရယ် ထိုးနှက်လာတဲ့   လောကဒဏ်တွေက ထောင်းထောင်းကြေ   နေခဲ့ကြပြီလေ  ..... နေ့မြင်ညပျောက်အခြေအနေတွေနဲ့ တစ်နေ့ပြီးတစ်နေ့ပဲ မနက်နိုးထခွင့်နဲ့   အသက်ဝဝရှူလို့ရသေးရင် တစ်ရက်တာကျော်ဖြတ်နိုင်ခဲ့ပြီရယ်လို့တွေး ကပ်ဘေး   ကပ်ဆေးချိန် အနေကြပ်အသေကြပ်တဲ့လောကကြီးမှာ အမေအိုအတွက်လည်း   ရှင်သန်ခွင့်ပေးပါ ကျွန်ုပ်တို့အားလည်း သန်မာခွင့်ရစေပါ   အို  ...  ဘုရားရှင်   🙏🙏🙏
  နေ့ရက်တွေများမှာ အရေးမပါတာတွေကို   အသာပေးလွှတ် သူ့သဘောသူဆောင်   မမြင်နိုင်တဲ့   မသိကိန်းများနဲ့ ရှေ့ဆက်ရင်း   ငါ  .... ဒဏ်ရာတွေဟာ   လှိုက်စားရင်း ဆေးမမီနိုင်တော့ လောကငရဲက   သွားကြဲကြဲနဲ့ဆိုသလို ရုပ်ဆိုးအကျဉ်းတန်လှတယ် ..... မေးခွန်းတစ်ချို့က   ဖြေစရာမလိုပဲ သေချာတဲ့   အဖြေဟာရှိနေခဲ့ပြီးသား အမှန်တရားဟာ   သိပ်ကိုခါးတယ်  ..... ဘဝတွေမတူတဲ့အခါ မျှတခြင်းတွေမဲ့လိုက်တာ အသွင်မတူ   ဉာဏ်ရည်မတူ အတွေးမတူ   အလုပ်မတူ အရာရာ   ခြားနားခြင်းက အဲမှာစတွေ့တာပဲ  ..... ။ အိပ်မက်တွေ   မက်ခဲ့ရက်တွေ စိတ်ကူးထဲက   အိမ်ကလေး အဝေးဆီပြေးသွားရဲ့ ပြေးရင်း   ပြေးရင်း   ခြေနင်းလည်းပါးလာခဲ့ပြီ  ..... ။ သက်တန့်လွှာ ၁၁ . ၀၇ . ၂၀၂၁  ( တနင်္ဂနွေ )

ဇာတ်သိမ်းခန်း

  ပြောဖြစ်ခဲ့တဲ့စကားတွေက ရင်ဘတ်ထဲ   ထည့်သိမ်းဖို့ ပြည့်ကျပ်လို့   နေရာလပ်မကျန်   လျှံသွားခဲ့ရင်း   သူသိပါစေတော့လို့ပေါ့  .... ။ ထူးမလာမှန်း   သိပေမဲ့ သတ္တိတွေမွေးခဲ့တာတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ပဲလေ  .... ။ ဘဝတွေဟာ   ဓာတ်ရှင်ဆန်ဆန် ပရိတ်သတ်အကြိုက်   ဇာတ်ထုတ်တစ်ထုတ်ဖြစ်ဖို့   မလွယ်လှပေမဲ့ ဇာတ်နာတာတွေကတော့   ဗီလိန်ခန်းတွေများလွန်းလို့မို့ ဓာတ်ရှင်ထဲက ဘဝတွေနဲ့ လက်တွေ့ဘဝဟာ   တူတူပဲဆိုတာ   သေချာတယ်  ..... ။ အရွယ်က   စကားပြောလာတယ်ထင်ရဲ့ ဘဝဇာတ်ဆရာကို   လာဘ်ထိုးမယ်စဉ်းစားရင်း ဇာတ်ရုပ်ရေးတဲ့အခါ ဇာတ်သိမ်းခန်းမှာ   လှပသေသပ်ဖို့သာ သေချာမှာမိတယ်  ..... ။ အကယ်ဒမီလည်း   မရချင်နေ ဇာတ်လမ်းတစ်ပုဒ်ဟာ မှတ်တမ်းဖြစ်ကျန်ဖို့   အဓိကပဲလေ  ..... ။ (4.7.2021) SUN
  ချစ်ခြင်းဖွဲ့သီတဲ့   ကဗျာတစ်ပုဒ် ရေးမယ်လုပ်တော့ အို  ...  ခက်ရချည်ရဲ့ ချစ်ခြင်းနဲ့   ကိုယ်နဲ့ကြားမှာ ကမ္ဘာကြီးကခြားနေပြီ  ..... ။ ကမ်းကပ်လာတဲ့   သင်္ဘောနဲ့အတူ မေခလာနတ်သမီးကိုသာမျှော်မိတော့ ငါ့နှလုံးသားလေး   ကျန်းမာဖို့   ဂရုစိုက်ရတယ်လေ  ..... ။ မနက်ဖြန်ဟာ   ဘာနေ့လဲ အမည်နာမတွေသာ   ပြောင်းသွားတယ် ၂၄   နာရီပုံသေနည်းထဲက ထွက်မလာနိုင်သေး သက္ကရာဇ်တွေသာ   တိုးတိုးလာတယ်  .... ။ ဒီကနေ့ အမှန်တရားတစ်ခုအတွက် နှလုံးသားခုံရုံးမှာ   မရှုံးလိုပေမဲ့ ခုံသမာဓိရဲ့   ချိန်ခွင်ကလည်း ကြိုးစတစ်ဖက်ငြိနေတော့ တစ်ဖက်စောင်းနင်းနိုင်သတဲ့  .... ။ တစ်ခုတော့သိလိုက်တယ်   ပုံအောစရာ   ကံကြမ္မာကောင်းဟာ ဒိုင်လျှိုခဏ   သိမ်းထားရအုံးမယ်ဆိုတာပဲ  .... ။   စည်းမပေါက်နဲ့   စည်းမဖောက်ကြစို့ရဲ့ ဒီနေ့နဲ့နက်ဖြန်ကြားမှာ   ခြေလှမ်းတိုင်းဟာ   မှားလို့တော့   မဖြစ်ဘူးမဟုတ်လား  ..... ။ (2.7.2021) FRI