အမှန်တရားက လမ်းထွက်လျှောက်တုန်း

ရင်ခွင်တစ်ခုလုံး ဗလာကြီးနဲ့

ခါးသက်သက် အတွေ့အကြုံတွေကလည်း

ကိုဗစ်နဲ့မှ မိတ်ဖွဲ့ကြရသတဲ့ ....


သူကလည်းအလစ်သုတ်ဖို့ တစ်နေရာကစောင့်ကြည့်

ပေစောင်းစောင်းနဲ့ အာပေတူးခမျာ

O2ရှာဖွေရေးလုပ်ရင်း

သူတပါးလည်း ကူညီရင်းပဲ

အဆုတ်ထဲ ရှိုက်ထဲ့လိုက်မိသတဲ့ ....


ငါတို့မှာ ငါတို့ပဲရှိတာကလား

ဒီမနက် ကြက်ဥတစ်လုံး  ကျပ်နဲ့ရမတဲ့

ဒီနှလုံးသားတွေနဲ့

ဒီမြေ ဒီရေမှာ ကောက်ရိုးလေးတစ်မျှင်လည်း အားဖြစ်တယ် ....


ဒီချိန်မှာ ဆင်ရဲသားလူချမ်းသာမကွဲ

ဒီလေကိုပဲ ဝအောင်ရှူရဖို့

အသက်တွေစတေး

တစ်အိမ်တစ်ယောက်ထွက်

ကိုဗစ်နဲ့ ထွေပစ်တမ်းကစားကြရတယ် ....


အားတင်းထားစို့ 

သန်းခေါင့်ထက် ညဉ့်မနက်နိုင်ဘူး

ဒီတောင်ကို မောင်ပဲဖြိုဖြို

မယ်ပဲဖြိုဖြို ပြိုဖို့သာအဓိက

လဲနေသူဆွဲထူကြ

အားငယ်သူ အားပေးကြ ... 


သက်တန့်လွှာ

၂၁.၀၇.၂၀၂၁(ဗုဒ္ဓဟူး)

Comments