နေ့ရက်တွေများမှာ
အရေးမပါတာတွေကို အသာပေးလွှတ်
သူ့သဘောသူဆောင်
မမြင်နိုင်တဲ့ မသိကိန်းများနဲ့
ရှေ့ဆက်ရင်း ငါ ....
ဒဏ်ရာတွေဟာ လှိုက်စားရင်း
ဆေးမမီနိုင်တော့
လောကငရဲက သွားကြဲကြဲနဲ့ဆိုသလို
ရုပ်ဆိုးအကျဉ်းတန်လှတယ် .....
မေးခွန်းတစ်ချို့က ဖြေစရာမလိုပဲ
သေချာတဲ့ အဖြေဟာရှိနေခဲ့ပြီးသား
အမှန်တရားဟာ သိပ်ကိုခါးတယ် .....
ဘဝတွေမတူတဲ့အခါ
မျှတခြင်းတွေမဲ့လိုက်တာ
အသွင်မတူ ဉာဏ်ရည်မတူ
အတွေးမတူ အလုပ်မတူ
အရာရာ ခြားနားခြင်းက
အဲမှာစတွေ့တာပဲ .....။
အိပ်မက်တွေ မက်ခဲ့ရက်တွေ
စိတ်ကူးထဲက အိမ်ကလေး
အဝေးဆီပြေးသွားရဲ့
ပြေးရင်း ပြေးရင်း ခြေနင်းလည်းပါးလာခဲ့ပြီ .....။
သက်တန့်လွှာ
၁၁.၀၇.၂၀၂၁ (တနင်္ဂနွေ)
Comments
Post a Comment