ချစ်ခြင်းဖွဲ့သီတဲ့ ကဗျာတစ်ပုဒ်

ရေးမယ်လုပ်တော့

အို ... ခက်ရချည်ရဲ့

ချစ်ခြင်းနဲ့ ကိုယ်နဲ့ကြားမှာ

ကမ္ဘာကြီးကခြားနေပြီ .....


ကမ်းကပ်လာတဲ့ သင်္ဘောနဲ့အတူ

မေခလာနတ်သမီးကိုသာမျှော်မိတော့

ငါ့နှလုံးသားလေး ကျန်းမာဖို့ ဂရုစိုက်ရတယ်လေ .....


မနက်ဖြန်ဟာ ဘာနေ့လဲ

အမည်နာမတွေသာ ပြောင်းသွားတယ်

၂၄ နာရီပုံသေနည်းထဲက

ထွက်မလာနိုင်သေး

သက္ကရာဇ်တွေသာ တိုးတိုးလာတယ် ....


ဒီကနေ့

အမှန်တရားတစ်ခုအတွက်

နှလုံးသားခုံရုံးမှာ မရှုံးလိုပေမဲ့

ခုံသမာဓိရဲ့ ချိန်ခွင်ကလည်း

ကြိုးစတစ်ဖက်ငြိနေတော့

တစ်ဖက်စောင်းနင်းနိုင်သတဲ့ ....


တစ်ခုတော့သိလိုက်တယ် 

ပုံအောစရာ ကံကြမ္မာကောင်းဟာ

ဒိုင်လျှိုခဏ သိမ်းထားရအုံးမယ်ဆိုတာပဲ .... 


စည်းမပေါက်နဲ့ စည်းမဖောက်ကြစို့ရဲ့

ဒီနေ့နဲ့နက်ဖြန်ကြားမှာ 

ခြေလှမ်းတိုင်းဟာ မှားလို့တော့ မဖြစ်ဘူးမဟုတ်လား .....

(2.7.2021) FRI

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...