အလွမ်းစကားတွေချည်းပဲ မဆိုပါရစေနဲ့တော့

တစ်နေ့ဒီလမ်းသွားရမှာဆိုပေမဲ့

နှမျောတသရလို့ ဟောဒီကမ္ဘာမှာ 

အချိန်မတန်ပဲ တဖြုတ်ဖြုတ်ကြွေကျ

ဘဝများစွာ

ရင်တွေလည်းတဆစ်ဆစ်နာရ ....


ကိုယ်ရှူမဲ့လေတောင် အလုံအလောက်မရတဲ့ဘဝတွေနဲ့ မရှူနိုင်မကယ်နိုင်

လေကို အလုအယက်ဝယ်ရှူရတဲ့ပြည်မှာ

အို ... ကန့်သတ်မှုပေါင်းများစွာရယ်

ထိုးနှက်လာတဲ့ လောကဒဏ်တွေက

ထောင်းထောင်းကြေ နေခဲ့ကြပြီလေ .....


နေ့မြင်ညပျောက်အခြေအနေတွေနဲ့

တစ်နေ့ပြီးတစ်နေ့ပဲ

မနက်နိုးထခွင့်နဲ့ အသက်ဝဝရှူလို့ရသေးရင်

တစ်ရက်တာကျော်ဖြတ်နိုင်ခဲ့ပြီရယ်လို့တွေး

ကပ်ဘေး ကပ်ဆေးချိန်

အနေကြပ်အသေကြပ်တဲ့လောကကြီးမှာ

အမေအိုအတွက်လည်း ရှင်သန်ခွင့်ပေးပါ

ကျွန်ုပ်တို့အားလည်း

သန်မာခွင့်ရစေပါ အို ... ဘုရားရှင် 🙏🙏🙏

Comments

Popular posts from this blog

ပျော်ပါစေ

သင်ယူခြင်း...

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ