Posts

Showing posts from December, 2019

နှစ်သစ်ဆုမွန်

Image
2019 ရဲ့ အဆုံးသတ်ရက်နေ့ နှစ်ဟောင်းရဲ့ ကောင်းခြင်းဆိုးခြင်း သုံးသပ်ဆင်ခြင် 2020 နှစ်သစ်အတွက် အားမွေးပြင်ဆင်ယင်း……. --------------------------------------------------------------- လူသားအချင်းချင်း ထက်အောက်ဖိနှိပ် ကောက်ကျစ်ယုတ်မာ စိတ်မသမာဖြင့် ဟန်ဆောင်ဖုံးကာ နှလုံးမလှ မရှိကြစေ…. ကိုယ်ချင်းစာတရား ပွားများကျင့်ယူ ပြုံခြင်းပညာ မေတ္တာများစွာ ပျော်ရွှင်မှုမှာ လွတ်လပ်စွာ စကားအရာ ရိုးသားစွာ စွန့်လွှတ်မှုမှာ မျှော်လင့်မပါ ပေးဆပ်မှုမှာ အေးမြကြည်စွာ လဲလျှင်ပြန်ထ ဘဝဆန်စွာ မှား/မှန်တွေမှာ သင်ခန်းစာ များစွာ ကျင့်ကြံနိုင်ကြရန် ..... မိမိကိုယ်တိုင် မိသားစုများ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေချစ်သူ စိတ်တူကိုယ်တူအားလုံး….. အားလုံးအတွက် ဆန္ဒမွန်ဖြင့် လျှောက်လှမ်းကြစို့ တောင်းဆုခြွေပါတယ်။ TTH (31.12.2019)

ခိုင်မြဲခြင်း (၂)

Image
တကယ်ပါ ​ ကိုယ် မပြောင်းလဲပါရစေနဲ့ ပြောင်းလဲခြင်းထဲမှာ တယုတယ ထုဆစ်ထားတဲ့ ကိုယ်တို့ရဲ့    ချစ်ခြင်းအတွက် အဓိပ္ပါယ်မဲ့   သေဆုံးသွားမဲ့ အတ္တတစ်ချို့က   ခါးသက်တဲ့ နက်ဖြန်များဆီ   တွန်းပို့စေနိုင်တာ  .... ။ ဝေဒနာ မဖြေသာမှတော့ ရင်ဝယ်လှိုက်မော စိတ်တွေစောလို့ ဘ၀လမ်းက ဆူးခလုတ် မငြိအောင် ကိုယ် မစွမ်းဆောင်နိုင်မှာ  တိုးတိတ် စိုးစိတ် ဖြစ်မိတာပါပဲ.....။ နားလည်ပေးပါ  အသက်ထက်ဆုံး မပြောင်းမလဲပဲ စိတ်တူကိုယ်တူ တိုက်ပွဲအလီလီ ဝင်လာသမျှ  ခါးစည်းခံလို့ ခိုင်မြဲလက်တွဲ အောင်ပွဲဆီသို့ ချီတက်ကြမယ်လို့....။ (27.12.2019) THU

ဆန္ဒလိုအင်

Image
ညညတွေဟာ   တိတ်ဆိတ်လွန်းလှ တွေးချင်ရာတွေး   ဆွေးချင်စရာ ကိုယ့်အတွက်   အကြောင်းပြချက်မဲ့ အဟောင်းတိုင်း   အကောင်းတိုင်းရှိနေသေးတဲ့ နှလုံးသားတစ်စုံနဲ့   ဒီချိန်ဆို   ကြုံလာနေကျ အမှတ်ရစရာတွေက   တိုက်ဆိုင်လွန်းလှတယ် .....  တစ်စုံတစ်ရာဟာ   တစ်စုံတစ်ရာကြောင့်ပဲ ကိုယ်ပြုခဲ့မိသမျှ   တရားစီရင်ချက်မှာ အပြစ်သားတစ်ယောက်သာသာ မဖြစ်ချင်ပေမဲ့လဲ   ဝဋ်ကြွေးရှိက ဒီဘဝ   ဒီမျှနဲ့ကျေပါစေ .....  ဆန္ဒလိုအင်ဆိုတာ   ကိုယ့်အတွက်တော့ ဒီထက်ကို   မပိုတော့တာ   လေးနက်မှုကို   ပမာပြုလို့ ရင်ထဲမှာ   ပန်များနဲ့   ပွင့်စေ   ဝေစေ ကြေကွဲစရာများ   အမြဲလွင့်စင်စေ .....  (25.12.2019) Wed

တစ်တီတူးရဲ့ အတွေး.

Image
မိုးမပြို ပြိုခဲ့သည်ရှိသော် ငါ... ကြောက်မိတယ် အတွေးတွေကြောင့် ယုံကြည်မှုက ဟိုး အောက်ထိ ပြုတ်ကျ ဆွဲတင်ရတာလဲ ခဏခဏ .....။ တည်ငြိမ်အောင် ကြိုးစားရင်း အမှန်ကို မြင်လို့ မကျက်သေးတဲ့ဒဏ်ရာကို အသားတက်အောင်  စောင့်ရအုံးမယ်လို့ .....။ ရာသီတွေ လည်ပတ် အဆုံးမှတ်က ဘယ်မှာ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ရှင်သန်ရာ ဘဝတွေမှာ ..... ​နှစ်ထောင်းအားရစရာ  အခါခါသာ ရှာရင်း ရှင်းရလို့ ရှင်းလွန်းတဲ့လမ်းမှာ ဟာတာတာ ရင်မှာစုလာလည်း မယိုင်မနဲ့ လျှောက်နေဆဲပါ .....။ (20.12.2019) YGN

တွဲလက်တစ်စုံ

Image
လှမ်းလာတဲ့ လက်တစ်စုံအတွက် တွေဝေစရာ နောက်ထပ်မရှိတော့တဲ့ခါ ဆွဲကိုင်စရာ လက်တစ်စုံဖြစ်လာတာ  ..... ဆွဲထူ တွဲကူခြင်းနဲ့ ရှင်သန်ရာ ကမ္ဘာမြေတစ်နေရာမှာ  လောကီ၊ လောကုတ် နှစ်ဖြာကောင်းကျိုး တိုးပွားစေကြောင်း အားသစ်လောင်းကာ ဓိဌာန်အောင်စေ တို့ဆုတောင်းမလေ ..... အပြုံးချိုမြ လိုက်ဖက်လှစွာ စိတ်ဝယ်ချိုအေး ငြိမ်းလို့ကြည်သာ မေတ္တာနှလုံး အစဉ်သုံးကာ ပြုမြဲ သစ္စာ တည်စေသားလို့ ဆုတောင်း ခါခါ ရှိစေတာ ..... (၁၇.၁၂.၂၀၁၉) ရန်ကုန်

မမြဲခြင်းတရား

Image
ဒီဇင်ဘာရဲ့ ဆောင်းလေရူးဟာ မနှစ်ကထက် ပိုလာရဲ့ ဥတုရာသီတောင် အစွန်းရောက်နေမှ လူသားတွေ အစွန်းရောက်ကြတာ ဘာဆန်းသလဲလေ ..... မမြဲခြင်းတရားဟာ နေရာတကာ ချစ်ခြင်း နဲ့ မုန်းခြင်းဟာလဲ နေ့မြင်ညပျောက် မမြဲခြင်းထဲပါနေရဲ့ ..... တရားမရှိဘူးပဲဆိုချင်ဆို ခုဆို ငါ ..... မြင်မြင်သမျှ အထာမကျတော့ ..... ရုန်းကန်မှုတွေနဲ့ စိတ်ပျက်လက်ပျက်  ဘ၀ကြီးထဲက မမြဲခြင်းတရားကိုဆန့်ကျင်လို့ တစ်ခဏမဟုတ်  ထာ၀ရသာ ပြေးထွက်ချင် ..... 15.12.2019 (YGN)

ခိုင်မြဲခြင်း .....

Image
ထပ်တူညီမှု   အကြောင်းပြုလို့ ဝမ်းနည်း   ဝမ်းသာ   ရှိချိန်တူမျှ ဖေးမကူကာ   ရပ်တည်မြဲလေ .....  ။   အရောင်တွေလည်း   မပြောင်းနဲ့ ဆန္ဒပြည့်ဝ   နှလုံးလှဖို့ စိတ်ဝယ်   ရှင်းလို့   နားလည်မှုလည်း   ထပ်တူထားကာ ရှေ့သို့ချီတက်   အားမာန်နဲ့လေ .....  ။   ဘဝတိုတို   ဆုံတွေ့ချိန်ကို သူ့ကျိုး   ကိုယ့်ကျိုး   ကောင်းရာပြုလို့   တန်ဖိုးသိစေ   မေတ္တာဝေမျှ တူတကွမို့  ကျောက်ဆောင်ပမာ ခိုင်မြဲခြင်းကို  ရှေးရှုရာ  .....  ။ (6.12.2019) YGN