တစ်တီတူးရဲ့ အတွေး.

မိုးမပြို ပြိုခဲ့သည်ရှိသော်

ငါ... ကြောက်မိတယ်

အတွေးတွေကြောင့် ယုံကြည်မှုက

ဟိုး အောက်ထိ ပြုတ်ကျ

ဆွဲတင်ရတာလဲ ခဏခဏ .....။



တည်ငြိမ်အောင် ကြိုးစားရင်း

အမှန်ကို မြင်လို့

မကျက်သေးတဲ့ဒဏ်ရာကို

အသားတက်အောင်  စောင့်ရအုံးမယ်လို့ .....။



ရာသီတွေ လည်ပတ်

အဆုံးမှတ်က ဘယ်မှာ

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့

ရှင်သန်ရာ ဘဝတွေမှာ .....



​နှစ်ထောင်းအားရစရာ  အခါခါသာ

ရှာရင်း ရှင်းရလို့

ရှင်းလွန်းတဲ့လမ်းမှာ

ဟာတာတာ ရင်မှာစုလာလည်း

မယိုင်မနဲ့ လျှောက်နေဆဲပါ .....။


(20.12.2019) YGN

Comments

Popular posts from this blog

လီလီပန်းလေး

နံရံတွေမှာ နားရှိတယ် .........