Posts

Showing posts from October, 2022

ပျော်စရာအတု

  အဆက်အစပ်မဲ့   စကားလုံးတွေနဲ့   ချိတ်ဆက် ပျော်စရာ   အတုတွေနဲ့ အလွမ်းတွေက   နှစ်ထပ်ကွမ်းမကဘူး  .... အလွမ်းတေးပဲ   နားဝင်ဆံ့တော့သလို အလွမ်းသမား   ဂိုဏ်းဝင်ခဲ့ လွမ်းဆွတ်မှုနဲ့   အကျွမ်းတဝင် ဒဏ်ရာတွေကို   သိုဝှက်လို့ ပုံမှန်နေထိုင်မှုတွေထဲ     .... ဖြတ်တောက်မရတဲ့ကြိုးတွေနဲ့ နှောင်ဖွဲ့ရင်း  ..... ရုန်းထွက်ဖို့   မကြိုးစား မေ့ဖို့ပျောက်ဖို့   မကြိုးစား အကြောင်းကံကို   မပြောင်းမပြန်ပဲ အလိုက်သင့်စွာ   မျောပါခဲ့လေသလား  .... အမြင်တွေ   ဝေဝါးလို့ ပျော်စရာအတုတွေနဲ့ မနေမနား   သွားရအုံးမယ့်   ဒီဘဝခရီးမှာ တစ်နေရာစာတော့     ရှိနှင့်သလား မသေချာ  .... ။   သက်တန့်လွှာ Oct 14, 2022 (SAT)