Posts

Showing posts with the label ကိုယ္တိုင္ေရး ကဗ်ာမ်ား

ပြောပြချင်တဲ့ အကြောင်းလေး

ပြောပြချင်တယ်  ဒီကနေ့ အဆင်ပြေတဲ့အကြောင်းလေး  ..... ပြောပြချင်တယ် ဒီကနေ့ နေသာတဲ့အကြောင်းလေး ..... ပြောပြချင်တယ် ဒီကနေ့ စိတ်ကြည်လင်နေတဲ့အကြောင်းလေး ..... ပြောပြချင်လို့ ဒီလိုပဲ သာယာတဲ့ လမ်းလေးပေါ်  အလိုက်သင့်လေး လျှောက်နေဆဲပဲလို့လေ ..... ပြောပြချင်သေးတယ် ဒီလိုလေး လျှောက်နိုင်ဖို့ ဝါယမလေးတော့ စိုက်ခဲ့တယ်ဆိုတာကိုပေါ့ .....။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

အိပ်မက်တွေကို ငါလိုက်ဖမ်းမယ်

Image
အိပ်မက်တွေကို ငါလိုက်ဖမ်းမယ် အဲ့ဒီ အိပ်မက်တွေထဲမှာ ပြန်မရတော့တဲ့ အတိတ်အကြောင်းတွေရှိတယ် လာလတ္တံသော အနာဂတ်နေ့တွေအတွက် ....... မဖြစ်သေးတဲ့ အကြောင်းတွေ ကြိုတင် နိမိတ်ဖတ် တဖြတ်ဖြတ်နဲ့ ဝေဝါးထွေပြား မရေရာမှုတွေနဲ့အိပ်ပျက် တစ်ခါတစ်ခါ အတိတ်နဲ့အနာဂါတ်က လုံးလားထွေးလား ဖြစ်တဲ့ခါများလည်းရှိရဲ့........ အိပ်ခြင်း နဲ့ နိုးခြင်းရဲ့ကြား သူ ဝင်ဝင်လာ နှောက်ယှက် ဂယောက်ဂယက်နဲ့ မျှော်လင့်ချက်တွေက ဝေးဝေး ကမ်းမြင်လမ်းမမြင် ..... အမှောင်နဲ့အလင်း တစ်လှည့်စီ ဝင်္ကဘာလို ရှုတ်ထွေး သွားရင်းနဲ့ လမ်းပျောက် ကူရာကယ်ရာ မဲ့တဲ့အခါ ကောက်ရိုး တစ်မျှင်က တွယ်မိတွယ်ရာ တစ်ခုသာပေါ့ .......... တစ်ခါတစ်ရံတော့လည်း နေခြည်ဦးမှာ လေပြေလာလို့ သာသာယာယာ ရှိပြန်သလို လသာသာမှာ တိမ်သားကင်းစင် အာကာတခွင် ကြယ်စင်ကြယ်ရောင် အလင်းဆောင်လို့ နှလုံးကြည်အေး ရှိလှပြန်ပေါ့ ....... ဘယ်လိုပင်ဖြစ်စေ အိပ်မက်က တကယ်မဟုတ်ဘူးဆိုတာ သိချိန်အခိုက် ကြိုးစားရုန်းထွက် အပြင်ဘက်သို့ .......... (6.6.2019) 9 : 50 PM

လွမ်း ******

Image
ရာသီရယ် ချိန်ခါမရွေး ‌နွေနွေ မိုးမိုး ဆောင်းဆောင်း ဥတုအလီလီ ပြောင်းသော်ညားလည်း လွမ်းစရာရှိတော့ လွမ်းရတာပဲလေ ............ အနုအရွ သီဖွဲ့လှပ တွေ့ပြန်တော့လည်း အလွမ်းဝေဒနာ တိုးလို့ကာသာ .......... အလွမ်းပိုကဲ လွမ်းမိဆဲမှာ ညိုမှောင်အုံ့ဆိုင်း ရှစ်ခွင်တိုင်း၌ ပြိုကာရွာမည့် မိုးပမာကြောင့် တိုးလို့ပိုကာ လွမ်းပြန်တာ ...... မိုးတစွေစွေ ညိုးမပြေမို့ ရင်ခွင်ဗလာမှာ နေရာယူကာ တိုးတိတ်တမ်းတ ဒီစိတ်ကပေါ့ .......... တစ်နေ့တစ်ကမ္ဘာစီ ကွာပေမဲ့ နီးခြင်းဝေးခြင်းက ပဓာနမဟုတ် ဝေးနေလည်း နီးနေသလိုပဲမို့ လွမ်းနေရတာနဲ့ကို ကိုယ့်အတွက် အဓိပ္ပါယ် မမဲ့စေဘူးရယ်လို့ လက်ခံထားမိသည်ပဲ ............ (5.6.2019) YGN

အတ္တများ

Image
တစ်ချို့က  အတ္တကို ရှေ့တန်းတင်ရွှေချလို့ ကိုယ့်စိတ် ကိုယ်ညာပြီး အပြစ်တွေ လုပ်မိလုပ်ရာ ........ လောကကြိုးဝိုင်းထဲ ဦးနှောက်ဉာဏ်နဲ့ ကစားပွဲမှာ သူ့ရှိန်သူ့ဝါ အသုံးချကာ တက်လှမ်းဖို့ကြိုးစား............ ကွာမှာပဲလေ တစ်ဦးနဲ့တစ်ဦး စူးနစ်မှုက မတူလေတော့ ကွာခြားမှု ကုဋေကုဍာ ဆီနဲ့ရေပမာ နှိုင်းယှဥ်လို့မရတာ ငယ်စဥ်ခါက ကြားဖူးနားဝ အင်္ဂါမှာမနေ စနေထိတက်ဖို့ မကြိုးစားချင်ပါနဲ့လို့သာ ပြောလိုက်ချင် ........... နှုတ်မရတဲ့ ဆူးတစ်ချောင်းပမာ ဟိုးအတွင်းထဲထိ လှိုက်စားလို့ နက်နက်ရှိုင်းရှိုင်း ဝေဒနာခံစား ကုသဖို့ဆေးက အပ်နဲ့မထွင်း ပုဆိန်နဲ့မှ ရလိမ့်မယ်ထင်........ မည်သို့ပင်ဆိုစေ ပညာရှိသတိဖြစ်ခဲ ငါလည်းလေ လောကီသားမို့ အနာသိတော့ ဆေးရှိ နောက်ဆုံးမတော့ ကြုံလာသမျှဘုံဘဝမှာ ပြုသူအသစ် ဖြစ်သူအဟောင်း ကြွေးဟောင်း ကြေပြီလို့သာ.......... (3.6.2019) YGN

ရင်ဘတ်တူသူ

Image
ဘောင်ခတ်မထားပါဘူး စိတ်ကလေးတစ်ချက်  လှည့်အထွက်မှာ ကြွေကြွေကျလာတဲ့   စကားလုံးများဟာ  အများသူငှာ အတွက်   အဆိပ်တစ်စက် (တစ်ခွက်)  မဖြစ်စေရေးတော့   ကိုယ် ... သတိထားပါ့မယ်။  ဒီလိုပဲပေါ့ ရင်ဘတ်တူသူချင်းတော့ စကားလုံးတွေဖလှယ် ကိုယ်ပေးချင်တာ သူရလို့ ပေးသူအဖို့မှာ ပီတိဖြာ ...... ဒီထက်တော့မပိုပါဘူး ကိုယ်သွားရာလမ်း ဖြောင့်ဖြောင့်တန်းတန်း သွားချင်မိသူတစ်ယောက်ရဲ့ ဆန္ဒနဲ့ ဦးတည်ရာ လမ်းခရီးမှာ  ရင်ဘတ်တူသူရှာ ..... (14.4.2019) 10:02 PM