ရင်ဘတ်တူသူ

ဘောင်ခတ်မထားပါဘူး

စိတ်ကလေးတစ်ချက် လှည့်အထွက်မှာ

ကြွေကြွေကျလာတဲ့  စကားလုံးများဟာ 

အများသူငှာ အတွက်  အဆိပ်တစ်စက် (တစ်ခွက်) 

မဖြစ်စေရေးတော့  ကိုယ် ... သတိထားပါ့မယ်။ 



ဒီလိုပဲပေါ့ ရင်ဘတ်တူသူချင်းတော့

စကားလုံးတွေဖလှယ်

ကိုယ်ပေးချင်တာ သူရလို့

ပေးသူအဖို့မှာ ပီတိဖြာ ......



ဒီထက်တော့မပိုပါဘူး

ကိုယ်သွားရာလမ်း ဖြောင့်ဖြောင့်တန်းတန်း

သွားချင်မိသူတစ်ယောက်ရဲ့ ဆန္ဒနဲ့

ဦးတည်ရာ လမ်းခရီးမှာ 

ရင်ဘတ်တူသူရှာ .....



(14.4.2019) 10:02 PM 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ