ပျော်ပါစေ
နူးနူးညံ့ညံ့နှလုံးသားနဲ့မို့
ထိထိရှရှခံစားသိနိုင်တယ်....တောင်းဆုတွေ ခါခါခြွေမိပေမဲ့
တိုက်ဆိုင်လာတိုင်းမှာ
နှလုံးသားထဲတစ်နေရာက
လွင့်မျောငေးမောတမ်းတမှုတွေ
အနုအရွခံစားမှုတွေတထောကြီး
ပိုက်ထားသလို လိုသလိုခံစားမှုတွေက
ယိုဖိတ်ကျလာခဲ့ပေါ့ .......
စိတ်ရဲ့စေရာဦးဆောင်တာမို့
လွမ်း... လွမ်းနေရတာကိုပဲ
စည်းဘောင်မလွတ်အောင်
သတိတစ်ချက်ပြုခဲ့ရင်း
သူပျော်ပါစေရယ်လို့
ဝေးတနေရာသို့
ခြေဦးလှည့်ခဲ့မိတာကြာပေါ့....
(21.4.2019) YGN

<3 <3 မိုက်.. ကြိုက်.. ခိုက်.. :)
ReplyDelete<3 <3
Delete