မုန့်လုံးစက္ကူကပ်အတွေး

ကိုယ့်စိတ်တွေက တခါတခါ

တိမ်တွေနဲ့အတူ လွင့်သလားလွင့်ရဲ့ 
စုစည်းမိခါလည်းရှိရဲ့ .....


အလွမ်းစိတ်နဲ့ ဟိုးတဖက်ကမ်းဆီ
လှမ်းမျှော်ငေး...ဆွေး
ဆွေးလှ စိတ်ဟာ ဖျောက်ဖို့ခက်တာ
မင်းက ဘယ်ဆီမှာ.........

ရောက်လာခဏ တွေ့မိပြန်က
စိတ်မှာကျေနပ်လှိုက်ဖိုရ

ထိုသို့ခဏ ဖြစ်ပျက်ခြင်းဟာ
အိပ်မက်ထဲသာ ဖြစ်ပြန်ရာ
တိုးလာပြန်တာ ဝေဒနာ
ခက် ခက်လှတာ ရက်စက်လှစွာ
ဒီကံကြမ္မာ .....

ဟောဒီကမ္ဘာမှာ မရှိတော့လည်း
တမ်းတ.... ရှိတော့လည်း
ဝေးကလွမ်းလှ....

အလွမ်းနဲ့သာ နေသားတကျ
ဖြစ်လွန်းတဲ့ ဘဝ

လွမ်းပန်းတွေနဲ့ဝေတော့
လွမ်းရနံ့တွေ ထုံလှိုင်ပေါ့ .....

အလွမ်းတွေနဲ့ ရစ်မူးမှုက
ရပ်တန်ဖို့အရေး တွေး တွေးမိတာ
ချာချာလည် နှလုံးသားမှာ
မုန့်လုံးစက္ကူကပ် သလိုသာ
ဘယ်သူကူမှ လွတ်မလဲကွာ ..........

Friday, April 5, 2019

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ