တစ်ခန်းရပ်ဇာတ်လမ်း

မျက်ရည်နဲ့စတဲ့ဇတ်လမ်းက
မျက်ရည်နဲ့ပဲ အဆုံးသတ်တော့မှာလား .....

မေတ္တာကရော အရောင်ပြောင်းသွားတတ်သလား တွေးမိရဲ့
အရောင်ပြောင်းတယ်ဆိုလို့ ... မေတ္တာမှာ
အရောင်၊ အဆင်း အနံ့ အရသာ
ဖမ်းဆုတ်လို့ မရတဲ့ အရာထဲက တစ်ခုပေမဲ့ 
ကိုယ်ရင်ထဲရော ဦးနှောက်ထဲပါ
အဖြူရောင်အဖြစ်မှတ်ထားမိတာပါ .....

မေတ္တာရဲ့ပြယုဒ် သဏ္ဍန်တွေဟာ
တစ်ယောက်နဲ့တစ်ယောက်
ပြသပုံခြင်း ခံယူပုံခြင်းကွဲပြားကြလို့ပဲ .....

တစ်ခါတစ်ခါ အပေးအယူမတည့်တာ 
မျှခြေမတူတော့တဲ့အခါမှာ
နားလည်မှုဆိုတဲ့ အလွှာလေးတစ်ခုက
ယိုင်နဲ့ စုတ်ပြတ် ဖန်တရာတေလာတော့ 

အားကြီးသူကရှေ့တိုးရင်း
အားနည်းသူက နောက်ဆုတ်ရင်းပဲ
အစွန်းနှစ်ဖက်သို့ ရောက်မှန်းမသိ
တစ်နေရာမှာ‌တော့ ရပ်ပစ်ဖို့

ငါ ကြိုးစားသလို မင်းလည်းကြိုးစားမှ

ဒီဇတ်လမ်းက တစ်ခန်းရပ်တော့မယ်......
7.4.2019 


Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ