ဝေငှခြင်းအနုပညာ
မိုးပေါ်ကို မော့ကြည့်တော့ ညရဲ့လက အေးမြမြနဲ့ သူ့လင်း သူဆောင်ကျဉ်းလို့ ...... လမိုက်ညရဲ့ တိမ်သားကင်းစင် အာကာတခွင် ကြယ်ကလေးများလည်း စွမ်းသလောက်နဲ့ ကမ္ဘာမြေကို လင်းစေတာပင် ..... သူ့အလင်းနဲ့ သူ့အချင်းက ညအမှောင်ကို ထိုးဖောက်ခွင်းလို့ တစ်နေ့တာ မောခဲ့သမျှ လမင်းကို ငေးရင်း ကြယ်တွေကို ရေတွက်ရင်း တိတ်တဆိတ် ည များစွာ ကျော်ဖြတ်ကာနဲ့ ရက်လနှစ်တို့ ကုန်မြန်ခဲ့တာ ငယ်စဉ်ကနဲ့ မတူတာ တစ်နေ့ထက် တစ်နေ ပိုပိုသေချာလာ ...... ပိုကောင်းမဲ့ မနက်ဖြန်များအတွက် ကမ္ဘာမြေအတွက် လင်းလက်စေမဲ့ ကြယ်တစ်ပွင့်ကဲ့သို့ ဖြစ်ချင်မိဆဲ ဖြစ်ချင်တာနဲ့ ဖြစ်နေတဲ့ကြား သဟဇာတ မျှအောင်သုံးသပ်လို့ ချစ်ခြင်းများလည်း တူတကွဝေမျှ တစ်ယောက်လက်ကို တစ်ယောက်တွဲကူ ရင်ဘတ်ချင်းတူစွာနဲ့ ဝေငှကြစို့ သူငယ်ချင်း ...... (1.10.2019) YGN