ရေစက်

ပြန်ဆုံဖို့ကြိုးစားကြရင်း
တို့နှစ်ဦး ရေစက်က ဒီမျှသာ ......

စည်းဝိုင်း အတွင်းကနေ
မင်းနဲ့တို့ ဦးတည်ရာက
ဆန့်ကျင်ဖက်သို့ ကိုယ်စီ
တစ်နေ့ထက် တစ်နေ့
ဝေးသထက် ဝေးလာလို့ .....

ဒါဟာ မာနလို့ဆိုချင်ဆို
တကိုယ်ရေ လွမ်းဆွတ်မှုဟာ
မင်း သိခြင်း မသိခြင်းပေါ်
မမျှော်ခဲ့မိတော့တာ ကြာပေါ့ ..........

အဖော်မဲ့နေ့တွေကို အံတု
အရာရာ နေသားတကျကိုဖြစ်လို့ ........

သံသရာ စက်ဝိုင်း တစ်ပါတ်လည်မဲ့ချိန်
ဆုံမှတ်တစ်ခုမှာတော့
တို့နှစ်ယောက် ဆုံနိုင်ကောင်းရဲ့ ...........

အဲ့ဒီအချိန်ကျတော့ အခြေအနေတွေဟာ
အဟောင်းက အသစ်ဖြစ်လာမလား
မရေရာလေတော့...........

သေချာတာ တစ်ခုက
ခုချိန်မှာတော့ မင်းနဲ့တို့နှစ်ဦးသား
ဝေးရာ အရပ် ကိုယ်စီနှင်လို့ ...............


(23.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...