နှုတ်ဆက်ထွက်ခွာ

မျက်နှာစာအုပ်ရဲ့ စာမျက်နှာ တစ်ခုမှာ
သူရေးတဲ့စာတစ်ပုဒ် သေချာဖတ်သလို
သူရေးကိုယ်ရေး သူတင် ကိုယ်တင်
အကြောင်းအရာနဲ့ လားရာတူမှ
လက်မထောင်ကြ အသည်းပေးကြ
ရင်ဘတ်တူရာ ညွှန်းဆိုကြတာ ...........

လားရာမတူ၊ အရောင်မတူ
အမြင်မတူ ထိခတ်ရာ ကွာခြားမှုက
တစ်ဦးမှတစ်ဦးသို့ တုန့်ပြန်ချက်မှာ
အံသြမှင်သက် ဒေါသမူရာ
ပိုကာသာတည့် .........

ထိုမှတဆင့် ထိရှမှုက
စိတ်မှာပေါ်လာ လှောင်‌ပြောင်ခြင်းမှ
ဝမ်းနည်းခြင်းသို့ ဦးတည်ပြန် ..........

နေ့စဥ်နေ့စဥ် ထိုထိုသဘော
တွေ့ပါများရ အသည်းဘဝင်မှာ
ချက်ပြခေါင်လောင်းမြည်လာပြီမို့
ဤစာအုပ်နှင့် ဝေးရာဆီသို့

တိတ်တဆိတ်နဲ့ ငါလေထွက်ခွါ ............



(4.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...