ဆုတောင်း

ဆုတောင်းမိတယ် .........
မလိုတစ်မျိုး လိုတစ်မျိုးသာ
ဆက်ဆံခံရ ဒီဘဝမှာ
ရှိခဲ့ငြားလည်း နောက်နောင်ဘဝ
ကင်းပါစေ ..........

အံ့သြစရာ
နောက်ထပ် မမျှော်
အရှိအတိုင်းမှန်စွာ
ငါ လျှောက်လှမ်းမှာ ...........

လှည်မကြည့် ငဲ့မကြည့်ဖို့
ယူနိုင်သလောက်ယူမှာ
ဒီသင်ခန်းစာတွေနဲ့ငါ ........

ကျေညက်လွန်းမက ကျေလို့
ကိုယ်နဲ့ယှဥ်ကာ သူတစ်ပါးကို
ငါလေ စာနာစွာ ဆက်ဆံလို့
ထပ်တူ အကျိုး ရစေလို ...........

ယခုဘဝ လက်ရှိချိန်ခါ
ကြုံခဲ့ဖူးလို့ ကျေပြီလို့သာ

ငါလေ မှတ်ယူမှာ ............

(17.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...