ကျေနပ်ပါတော့

ကျေနပ်ပါတော့လေ
ဘာအတွက်ကြောင့်များ ငါ့ကို
အိုဗာတင်းတွေ သိပ်မခင်းချင်ပါနဲ့
သွားကြတဲ့လမ်းမှာ ရိုးဖြောင့်စွာ
လုံကြီးတင်ကို ဆံမခတ်ပဲ
ဒီအတိုင်းလေးပဲ ထားရအောင် ........

စွန့်ခွာခြင်းရဲ့ ပြယုဒ်တစ်ခုနဲ့
ဆင်ကန်း တောတိုးမဟုတ်
ငါ... ဒီလိုပဲ တွေးတာပါ
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ဖို့
အဓိကမဟုတ်လား ......

စိတ်ရဲ့ ခွန်အားနဲ့
ပင်လယ် သမုဒ္ဒရာ အထပ်ထပ်
ငါလေဖြတ်လို့
မိုးကုတ်စက်ဝိုင်းအထိလဲ
ရောက်အောင်ထွက်သွားမယ် ........
ပြတ်သထက်ပြတ်အောင်

ဒီထက်ပိုတော့ မတတ်နိုင်ပြီ .........
သိဘို့ ....


(24.8.2019) SAT


Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး