ပီတိ

တမိုးသောက်လို့ တစ်နေဝင်ခဲ့ပြီ
တစ်နေ့တာမှာ လည်ပတ်စွမ်းအား
ရှုတ်ထွေးမှုများ ရှင်းအောင်ပြုလို့
အမောများလည်း ပြေစေခဲ့ပြီ ...........

ထို့နောက်တဖန် နေ့သစ်အတွက်
မင်္ဂလာရှိစေ အားအင်ပြည့်စေ
အပြုံးတစ်ခု လက်နက်ပြုကာ
လျှောက်ရပေဦးမည် ............

ဦးတည်ရာသို့ သွားရာလမ်းမှာ
သတိတစ်ခု နေ့စဥ်ပြုလို့
နီတိ လိုက်နာ ကျင့်သုံးမှန်မှ
ဘဝတာမြင့် ဘဝင်တင့်စေ ............

လောဘ မူလ သဘာဝကား
ပြည့်ရိုးထုံးစံ မရှိသည်မို့
ရောင့်ရဲ ခြင်းနှင့် ဆန့်ကျင်ပြီ ..........

မရှိမရှား ပီတိစားလည်း
အားရှိဘိသို့ ခံယူချင်လည်း
မရှိရှားတော့ ပီတိမစားနိုင်တာ
သဘာဝမို့ ကတိစကားများလည်း
ရေပေါ်အရုပ်ရေးခဲ့သူလို
လောကပါလဆန့်ကျင်ပြီ ...............

ထိုဖြစ်စဥ်အား ‌စောကြောသုံးသပ်
မြင်မိသည်ကား
လောဘသမား ပီတိမစား
အားမရှိတာမို့ အားအင်ပြည့်ဖို့
ပီတိဆေးသာ မှီဝဲရန်ဟု ..................


(20.8.2019) 12:00 AM

Comments

Popular posts from this blog

ပျော်ပါစေ

ကိုယ်ပြုသောကံ ပဲတင်သံသို့ .....