အမာခံဆိုတဲ့အဓိပ္ပါယ်

အမာခံဆိုတာ မပြောင်းမလဲ
ခိုင်မာတဲ့သဘောပဲ မဟုတ်လား
သူလုပ်သမျှ ကောင်းကျိုးလိုရာ
သာယာပါစေ ရည်သန်ကာလေ
သူ့ဖက်မှသာ အမြဲရှိနေတာမျိုး ....

သွေဖီခြင်း ကင်းသော
အစွန်းအထင်း ကင်းသော
ဘယ်အရာနဲ့ မှ မရောထားတဲ့
အဖြူရောင် တစ်မျိုးဖြင်းသာ
စိတ်ခွန်အားပေး
အမြဲ ရှိနေခြင်းမျိုး .....

မှန်တယ်ထင်ရာ သူလျှောက်လှမ်းကာ
လမ်းတစ်လျှောက်မှာ ဖေးမခြင်းနဲ့သာ
ထင်ပေါ်စရာ ဒီကမ္ဘာမှာ
သူ့အတွက် မလိုတာ လက်ခံလို့
ဦးတည်ရာသာ ထင်ရှားစေကာ

အလင်းဖက်မှာ ရပ်တည်ခြင်းမျိုး .....


(30.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...