အလင်းရှင်

သူပေးခဲ့သမျှ အရာရာတိုင်းဟာ
ကိုယ့်အတွက် ခွန်အားများစွာ .............

မရေရာတဲ့ ကိုယ့်စိတ်များဟာ
သူပေးတဲ့ အသိတစ်ခုကြောင့်
ရှင်းထုတ်ကာ လွတ်မြောက်ခဲ့ရ
လောက လမ်းမှာ.........

ဒီလိုနဲ့ပဲ ဘဝတစ်ခုရဲ့လမ်းမှာ
လိုပါတယ် ကိုယ့်အနီးနားမှာ
အလင်းပေးမဲ့ အလင်းရှင်သာ ............

အရာရာ သူပိုင်စိုးလို့
ယုံကြည်အားကိုး ပိုတိုး၍သာ
အနက်ရှိုင်းဆုံး တစ်နေရာမှာ
တန်ဖိုးထားရင်း နေထိုင်ဖို့
ကြိုးစားရာ ............

ဒီလိုနဲ့
ရှင်သန်ရာ ခိုလှုံရာ ကမ္ဘာငယ်ဟာ
နှစ်လိုစရာများနဲ ပြည့်ဝစုံလာ
မနက်ဖြန်တိုင်း အတွက်မှာ
အားသစ်များနဲ့ လူသားတစ်ယောက်အဖြစ်
တည်ဆောက်လို့သာ ...............

(18.8.2019) YGN

Comments

Popular posts from this blog

ဆန္ဒလိုအင်

မေတ္တာနှလုံး အစဉ်သုံး

လီလီပန်းလေး