နှလုံးသား နာဖျားခြင်း

နှလုံးသားက ခဏခဏ နာဖျားတယ်
ခဏတဖြုတ်လာနားတဲ့ ငှက်တစ်ကောင်ဟာ
ခုတော့ဘယ်ဆီမှန်းတောင် မရေရာ
အချက်ပြမီးလေးတောင် မသုံးခဲ့တာ
နင် ဉာဏ်ကောင်းလွန်းခဲ့လို့ပဲ ..............

ကျန်ခဲ့တဲ့ကိုယ့်မှာသာ တစ်နေ့ပြန်လာနိုးနဲ့
အမှတ်မရှိ မျှော်နေမိတုန်း
မျောချင်ရာမျော ကမ်းကဘယ်ဆီမသိ
တဖြည်းဖြည်း အားနည်းလာလို့ .........

ကံတူအကျိုးပေးမဖြစ်ခဲ့၊ ဒီဘဝဒီမျှသာလို့ပဲ
ကိုယ်မှတ်ယူကာ နေဖို့ကြိုးစားဆဲ
မင်းပေးခဲ့တဲ့ အနာတရများနဲ့
ပေါ်ပင်မှာ ပျော်ရွှင်သယောင်

ကိုယ် ဟန်မဆောင်တတ်ခဲ့ဘူး .........


(8.8.2019) YGN

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

သင်ယူခြင်း...